အစိုးရ၀န်ထမ်းလစာတွေ နိုင်ငံတော်သမ္မတ တိုးပေးမည်
၁ သိန်း ၂ သောင်း ရရှိနေသော အစိုးရ၀န်ထမ်း အခြေခံ လစာကို ၁ သိန်း ၃ သောင်း ၈ ထောင်သို့ တိုးမြှင့်မည်ဖြစ်ပြီး အမြင့်ဆုံး ညွှန်ချုပ်အဆင့် ရရှိနေသော လစာကို ၅ သိန်းမှ ၅သိန်း ၅ သောင်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောသည်။
အမှုထမ်း လစာ ၂၀ ရာခိုင်နှုန်း အရာထမ်းလစာ ၁၀ ရာခိုင်နှုန်း တိုးမယ် ဆိုခြင်းကြောင့် လစာတိုးခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ ကုန်ဈေးနှုန်းတွေ မတက်လာစေရန် အစိုးရက ကိုင်တွယ်ပေးစေလိုကြောင်း ပုဂ္ဂလိကဝန်ထမ်း ဘဝများကို ရလဒ်ကောင်း ရှိလာရန် အစိုးရက တိုက်တွန်း ပေးစေလိုကြောင်း ပြည်သူလူထုက ပြောဆိုလျက် ရှိသည်၊၊








Post a Comment