သက်မွန်မြင့်နဲ့ ခင်မင်ခဲ့ပုံကို ပြောပြလာတဲ့ စိုင်းစိုင်း
စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ လွန်ခဲ့တဲ့ ၁၅နှစ်က အကြောင်းတွေကို ပို့စ် တစ်ခုတင်ကာ ပရိသတ်တွေကို ပြောပြ ခဲ့ပါတယ်။ အဲ့ဒီ ပို့စ်ရဲ့ အောက်မှာ သက်မွန်မြင့်က ကောမန့် ၀င်ရေးခဲ့ပြီး အဲ့ကောမန့် ကနေစကာ တစ်ယောက်နဲ့ တစ်ယောက် စသိခဲ့ကြတဲ့ အကြောင်းအရာလေးတွေကို ပြောပြခဲ့ကြပါတယ်။
အဲ့ဒီ ထဲမှာမှ သက်မွန်မြင့် တစ်ယောက် သရုပ်ဆောင် စလုပ်စဉ်က အနုပညာကြေး ဘယ်လောက် ရလဲဆိုတာကို မေးရင်းက သူတို့နှစ်ယောက် အပါအ၀င် စန္ဒာဆိုတဲ့ သူငယ်ချင်း တစ်ယောက်ပါ ပါဝင်ခဲ့ ပါသေးတယ်တဲ့။
သူပြောပုံကတော့ ” သက်မွန် နင်ပထမဆုံး စရိုက်တော့ ဘယ်လောက်ရလဲ မှတ်မိလား ” သက်မွန်က ” ၃၀၀၀ လောက်ပေါ့ ” အဲ့ဒီနောက် စိုင်းစိုင်းက ” ငါက ငါးထောင် ယူတာကွာ အဲဒါကြားက တစ်ယောက်က လေးထောင်ပဲ ပေးတော့ ငါ ကွိုင်ရှာတာ စန္ဒာက ငိုမဲ့မဲ့နဲ့ အဲပိုက်ဆံ သူပေးမယ် ဆိုပြီး ဝင်ရှင်းရင်း ငါနဲ့ခင်သွားတာ လွမ်းဖို့သိပ်ကောင်း ငါနင့်ပုံ ကပ်ထားတဲ့ အကြောင်းကော ပြောရမလား” ဆိုကာ ငယ်ငယ်က အကြောင်းလေးတွေကို ပြန်ပြောနေပါတယ်။
အဲ့နောက် သက်မွန်ကလဲ ” လွမ်းတာတော့ မပြောနဲ့ ပြန်မရသေးဘူး အဲ့လိုမျိုး လူညီကြတာ သိပ်ပျော်ဖို့ကောင်း ” တယ်ဆိုပြီး ပြောနေရင်းက သူတို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ခင်စန္ဒာမြင့်ကလဲ ” ၄၀၀၀ ပဲပေးတာ မဟုတ်ဘူးလေ။ ၅၀၀၀ ပေးပြီးတော့ မပြောဘဲနဲ့ သူများသီချင်း တစ်ပုဒ်ပါ ပေါင်းရိုက်သွားတာ။ ငါ့ရှုတင် စရိတ်နဲ့လေ။
အဲ့တုန်းကတော့ ဘာမှ နားမလည်တော့ ငါလည်း ခံလိုက်ရတယ်။ တကယ်ဆို သူလည်း တစ်ဝက်ပေးသင့်တာပေါ့ သက်မွန် သူက နင့်ပုံပဲ မဟုတ်ဘူး။ ဘယ်သူ့ပုံတွေမှန်း မသိဘူး သူ့ကွန်ပျူတာမှာ လျှောက်လျှောက်ကပ်တာ။ ပြီးတော့ ငါကြိုက်တဲ့သူတွေလည်း လိုက်လိုက်ကြိုက်တယ်။ ပြောရင်းနဲ့တောင် လွမ်းလာပြီ ” ဆိုကာအရင် အချိန် က အကြောင်းတွေ ပြောပြီး အလွမ်းသယ် နေကြပါတယ်။
သူတို့သူငယ်ချင်းတွေရဲ့ပျော်စရာကောင်းတဲ့ အတိတ်တွေကို ပြောပြရင်း ကိုယ်စီကိုယ်စီ လွမ်းနေကြပါတယ်။ သူတို့ရဲ့ ကြည်နူးစရာ ကောင်းတဲ့ အကြောင်းလေးတွေကို ဖတ်ရင်း ကြည်နူးနိုင်စေဖို့ မျှဝေပေးလိုက်ကြပါဦး။ သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့ ပုံရိပ်လေးတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်နော်။ ချစ်ရပါသော ချစ်ပရိသတ်ကြီးရေ ကျေးဇူးပါနော်။
KKK(momolay) source – sskl fb
Post a Comment