ရွှေမှုံရဲ့ ဖက်ရှင်နဲ့တူနေလို့ ဝေဖန်ခံနေရတဲ့ L လုံးလုံ
ဧပြီ လ 5 ရက်နေ့ ညနေက သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ " Reflection " ရုပ်ရှင် ဇာတ်ကားကြီးရဲ့ Press Show မှာ နာမည်ကြီး မော်ဒယ်တွေ များစွာ တက်ရောက်ခဲ့ကြကာ ဖက်ရှင်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ၀တ်ဆင်ခဲ့ကြပါတယ်။
အဲ့ဒီထဲမှာ လူပြောများပြီး အရုပ်မလေး တစ်ရုပ်လို ထူးထူးခြားခြား လှပနေတဲ့ အယ်လ်လုံးလုံ ရဲ့ ဖက်ရှင်နဲ့ အပြင်အဆင်ကတော့ တကယ့်ကို ထူးခြားခဲ့ပါတယ်။ " Reflection " ရုပ်ရှင် ဇာတ်ကားကြီးရဲ့ Press Show မှာ Vivid Fashion အ၀တ်အစားတွေ စီစဉ်ပေးခဲ့တယ် လို့ သိရပါတယ်။ အဆိုပါ အယ်လ်လုံးလုံ ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင်ဟာ Vivid Fashion ဆိုင်ဖွင့် ပွဲအခမ်းအနားမှာ ရွှေမှုံရတီ ၀တ်ဆင်ခဲ့တဲ့ ဖက်ရှင်ပါ ဆိုပြီး ဝေဖန်နေကြပါတယ်။
မိတ်ကပ် အပြင်နဲ့ ဆံပင်ပုံစံ ကလွဲလို့ အင်္ကျီပုံစံမှာ တစ်ပုံစံတည်း ဖြစ်နေတာကြောင့် ရွှေမှုံရဲ့ ပရိသတ်တွေက ဝေဖန် နေကြပါတယ်။ ဒါပေမယ့်လဲ အဲ့ဒီ ၀တ်စုံလေးနဲ့ နှစ်ယောက် စလုံးဟာ တစ်မျိုးချင်းစီကို ထူးထူးခြားခြားကို လှပ နေကြပါတယ်။ ဘယ်သူ ပိုလှနေလဲ ဆိုတာကိုတော့ ပရိသတ်ကြီးက ဆုံးဖြတ်ပေးပါဦးနော်။ ချစ်ရပါသော ပရိသတ်ကြီး ကျေးဇူးအထူး တင်ရှိပါတယ်။
KKK(momolay) Source - Smyt , Hnma fb
Post a Comment