အိပ်ယာပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ဖြစ်စေဖို့
ခင်ပွန်းရဲ့ အသည်းနှလုံးကို ခြွင်းချက်မရှိ ဖမ်းစားနိုင်ပြီး အိမ်ထောင်ရေး သုခ ပြည့်ဝအောင် ဖန်တီးနိုင်ဖို့ အတွက် အမျိုးသမီးတို့ သိထားသင့်တဲ့ လိုအပ်ချက်လေးတွေ..
အိမ်ထောင်ရေး သုခ ပြည့်ဝတဲ့ အိမ်ထောင်တစ်ခု ဖန်တီးနိုင်ဖို့ အတွက် အမျိုးသမီးတို့ သိထားသင့်တဲ့ လိုအပ်ချက်လေးတွေ မိန်းကလေးတို့ တတ်မြောက်ထားရမယ့် ပညာရပ်တွေထဲမှာ ကိုယ့်ချစ်သူနဲ့ အတူနေချိန် အိပ်ယာထဲမှာ ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေး တစ်ယောက် ဖြစ်အောင် နေတတ်ဖို့ လိုပါတယ်။
အထူးသဖြင့် အိမ်ထောင်ပြုမယ့် မိန်းကလေး တွေပေါ့။ ကိုယ့် ခင်ပွန်းသည်ရဲ့ အသည်းနှလုံး တစ်ခုလုံးကို ခြွင်းချက်မရှိ ဖမ်းစားနိုင်ပြီး အိမ်ထောင်ရေးသုခ ပြည့်ဝတဲ့ အိမ်ထောင် တစ်ခု ဖန်တီးနိုင်ဖို့ အတွက် အမျိုးသမီးတို့ သိထားသင့်တဲ့ လိုအပ်ချက်လေး တွေအကြောင်း ပြောပြပေးမယ် နော်။
၁) တစ်ကိုယ်ရည် သန့်ရှင်းမှု
တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုတာ အိပ်ယာထဲမှာ အတူနေတဲ့ ချစ်သူ မပြောပါနဲ့..
တွဲသွားတွဲလာ သူငယ်ချင်းတွေတောင် သင့်မှာ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိရင် ငြိုငြင်ကြမှာပါ။ အထူးသဖြင့် အနံ့အသက် ရှိတဲ့ ချိုင်းကြား၊ ပေါင်ကြား နေရာတွေကိုလည်း အထူး ဂရုစိုက် ပေးရပါမယ်။ အကောင်းဆုံးကတော့ အိပ်ယာထဲ မသွားကြခင် ရေချိုးကြတာက အကောင်းဆုံးပါပဲ။
၂) ကိုယ်သင်းနံ့ မွှေးမွှေး
ဆွဲဆောင်မှု ရှိသော မွှေးရနံ့ သင်းသင်းလေးတွေလည်း လိုအပ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု အပြင် ဆွဲဆောင်မှု ရှိတဲ့ မွှေးရနံ့ သင်းသင်းလေးတွေလည်း လိုအပ်ပါတယ်။ လည်ပင်း သွေးကြောလေးတွေ၊ လက်ကောက်ဝတ် သွေးကြောလေးတွေမှာ ရေမွှေးလေး နည်းနည်းလောက် ဆွတ်ပေးပါ။ မွှေးရနံ့တွေ အလွန်အကျွံ ဖြစ်မနေအောင်တော့ ဂရုစိုက်ပါနော်။
၃) လှပတဲ့ အတွင်းခံလေးတွေ
ကိုယ်လုံး အလှကို ပိုပြီး လှပအောင် ထောက်ပံ့ပေးမယ့် အတွင်းခံလေးတွေ လိုအပ်ပါတယ်။ အတွင်းခံ လှလှလေးတွေ၊ ဆွဲဆောင်မှု ရှိတဲ့ အရောင်လေးတွေ၊ ကိုယ်လုံး အလှကို ပိုပြီး လှပအောင် ထောက်ပံ့ပေးမယ့် အတွင်းခံလေးတွေ လိုအပ်ပါတယ်။ လှပဖို့ အပြင် သန့်ရှင်းမှု ရှိဖို့လည်း လိုအပ်ပါတယ်။
လှပတဲ့ အတွင်းခံလေးတွေလို့ ပြောလိုက်လို့ ကာတွန်းရုပ် လှလှလေးတွေတော့ မရှာပါနဲ့နော်။ ကလေးဆန်ပါတယ်။ ပိုးသားပြောင်တွေကို ညှို့ငင်နိုင်စွမ်း မြင့်တဲ့ ဒီဇိုင်းတွေ ရွေးချယ်ရမှာပါ။
၎) ပျော့ပျောင်းနေဖို့ လိုပါတယ်
ကိုယ်ခန္ဓာ အချိုးအဆစ် ပျော့ပျောင်းခြင်းဟာ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်စေမယ့် လျှို့ဝှက်ချက် တစ်ခုပါ။ အိပ်ယာပေါ် ရောက်ရင် ပျိုမေတို့ရဲ့ ခန္ဓာကိုယ်က ပျော့ပျောင်းနေဖို့ လိုအပ်ပါတယ်။
ခန္ဓာကိုယ် အချိုးအဆစ် ပျော့ပျောင်းခြင်းဟာ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်စေမယ့် လျှို့ဝှက်ချက် တစ်ခုပါ။ ယောဂကျင့်ခြင်းက ခန္ဓာကိုယ် အရိုးအဆစ်တွေကို ပျော့ပျောင်းစေနိုင်တာမို့ အမျိုးသမီးလေးတို့ အနေနဲ့ ယောဂ ပုံမှန် ကျင့်သင့်ပါတယ်နော်။
credit Marry Myanmar
Post a Comment