Header Ads

တကယ်ချစ်တဲ့သူ ဆိုတာ...


တကယ်ချစ်တဲ့သူ ဆိုတာ အတိတ်က အမှားတွေကို ခဏခဏ စကားနာထိုးပြီး အနိုင်မကျင့်တတ်ဘူး။ မျက်ရည်ကျအောင် စိတ်ဆင်းရဲအောင် မလုပ်ရက်ဘူးလေ။

တကယ်ချစ်တဲ့သူ ဆိုတာ အတိတ်ကိုမေ့ပစ်ပြီး လက်ရှိအချိန်မှာ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားပြီး အမြဲတမ်း ပျော်ရွှင်အောင် အနားမှာ တစ်သက်လုံး နေပေးချင်တာမျိုးပါ။

တကယ်ချစ်တဲ့သူ ဆိုတာ ကိုယ်ပျော်ဖို့ထက် သူပျော်ဖို့ကို အမြဲတမ်း ဦးစားပေးပြီး ကိုယ်ချစ်ရသူရဲ့ အပူမီးကို အတူတူမျှခံကာ ကိုယ့်အပူကို ချစ်တဲ့သူဆီကို အပူမလောင်စေချင်ဘဲ အမြဲတမ်း ကြံ့ခိုင်သလို ဟန်ဆောင်ပြီး မမြင်ကွယ်ရာမှာ ကြိတ်ငိုနေတတ်သူမျိုးပါ။

တကယ်ချစ်တဲ့သူ ဆိုတာ ကိုယ့်ချစ်သူ မျက်နှာ အညှိုးမခံဘဲ မှားနေရင် အမိုက်ခံ အမှန်ပြင်ပေးပြီး ကိုယ်အသာရဖို့ထက် သူ စိတ်ချမ်းသာအောင် အနစ်နာခံတတ်ကာ အမြဲတမ်းလိုလို အလျော့ပေးတတ်ပြီး သူ ကိုယ့်အပေါ် မှားနေရင်တောင် ကိုယ်ကစပြီး တောင်းပန်ဖို့ ဝန်မလေးတတ်သူ မျိုးပါ။

တကယ်ချစ်တဲ့သူ ဆိုတာ ကိုယ့်ချစ်သူ ဆိုးနေရင်တောင် အကောင်းဘက်က လှည့်တွေးပြီး ကိုယ့်ကို ဂရုမစိုက်သလို ပစ်ထားခဲ့ရင်တောင်မှ " သူ မအားလို့နေမှာပါ " လို့ ဖြေတွေးကာ ချစ်သူ မငြိုငြင်အောင် ပြုံးပန်းဝေဆာစွာနဲ့ ချစ်သူ ဖိအားမများရအောင် အလိုက်တသိ နေတတ်သူမျိုးပါ။

တကယ်ချစ်တဲ့သူ ဆိုတာ ကိုယ့်ချစ်သူရဲ့ အတိတ်ကို လက်ခံနိုင်ပြီး အတိတ်မှာ ရပ်တန့်မနေဘဲ အနာဂတ်ကို ကြိုတွေးကာ စိတ်အားငယ်တဲ့ ချစ်သူကို လက်တွဲခေါ်ပြီး အနာဂတ်ကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းရင်း အတိတ်ကိုအပြီးတိုင် မြေမြုပ်ခဲ့သူမျိုးပါ။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ်​ မကွေး

No comments

Powered by Blogger.