Header Ads

ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ...


ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီး ဖြစ်သလို ငါ့ရဲ့ဘေးမှာလဲ ငါနဲ့ အသင့်တော်ဆုံးသူ ရှိနေပြီ…

နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက် ငါ့အချစ်တွေကို (တစ်ချိန်က ချစ်သူကို ပုံအောပြီး ချစ်ခဲ့သလိုမျိုး) သူအပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း… နင်ကတော့ သူ့ဆီက နားလည်မှုတွေ ယူနေချိန်မှာ ငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှာ ရယူပြီး နေပြီ။ ဒါပေမယ့် ငါမပျော်သလိုပဲ…

နင်က နင့်အတွက် ချစ်သူကို ရှာဖွေတွေ့ရှိချိန်မှာ ငါ့မှာလဲ ငါ့ရဲ့ ဖူးစာဖက် ရှိနေပြီ… နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက် သူ့အချိန်တွေကို ငါ့အတွက် ပေးလာတာတွေ့တိုင်း သူသာဆိုတဲ့ အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်း…

နင်က အဖြစ်ချင်ဆုံးတွေနဲ့ ဘဝကို ဖြတ်သန်းနေချိန် ငါကတော့ အဖြစ်သင့်ဆုံး ဆိုတဲ့ အတွေးတွေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပြီ… ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတဲ့သူက အောင်မြင်နိုင်သလို ဖြစ်သင့်တာထက် ဖြစ်ချင်ရာကို ဦးစားပေးရင် ပျော်ရွှင်စေသတဲ့ ……

ငါကတော့ ဖြစ်သင့်တာကို ဦးစားပေးပြီး အောင်မြင်အောင် နေတယ် ဆိုတာထက် ဖြစ်ချင်တာတွေအတွက် (ငါ့ဘေးမှာ ရှိစေချင်တဲ့ ဆန္ဒတွေအတွက်) ဖြစ်ခွင့်မရှိပဲ နှလုံးသားတစ် ခုကို စတေးရပြီး အောင်မြင်နေတယ်ပဲ ဆိုပါတော့...

နင့်ကတော့ ဖြစ်သင့်တဲ့ အချစ်ဆုံးကို စွန့်လွှတ်ပြီ ဖြစ်ချင်တဲ့ ချစ်သူနဲ့အတူ ပျော်ရွှင်နေတယ်…… ငါ့အတွက်က ငါ့ကို မချစ်တဲ့သူကို ဆုံးရှုံးထားရသလို နင့်မှာတော့ နင့်ကို အချစ်ဆုံးသူကို ဆုံးရှုံးထားရတယ် ဆုံးရှုံးပုံခြင်း မတူညီပေမယ့် ဆုံးရှုံးမှု တန်ဖိုးကို သိတဲ့သူအတွက်ကတော့ မေ့ဖျောက်ဖို့ ခက်တဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေပါပဲ…


ဘယ်လိုပဲဖြစ်ဖြစ်ပေါ့.. နင့်လဲ နင့်အတွက် အဖြစ်ချင်ဆုံးလူနဲ့ အတူ ငါ့မှာလဲ ငါ့ဘဝအတွက် အသင့်တော်ဆုံး အဖြစ် သင့်တဲ့သူနဲ့အတူ နင့်မှာချစ်သူ ငါ့မှာဖူးစာ နင့်အတွက် ပျော်ရွှင်မှု ငါ့အတွက် အောင်မြင်မှု.. နင်က နင့်အချစ်.. ငါက သူ့အချစ်... နင့်မှာက ဖြစ်ချင်သူနဲ့ ငါ့မှာတော့ ဖြစ်သင့်သူနဲ့...  နင့်လူဟာ ငါမဟုတ်သလို ငါ့လူကလဲ နင်မဟုတ်တော့ဘူး...

ဥပမာ ဆိုပါတော့ နင့်လူဆိုတာ တစ်ချိန်က နင်လိုပဲ ငါ့လူကလဲ တစ်ချိန်က ငါ့အတိုင်းပဲ ငါ့မှာ မေ့ဖျောက်နိုင်စွမ်း ရှိရင် ဆုံးရှုံးမှု ဘာတစ်ခုမှ မရှိဘူး နင့်မှာတော့ မေ့ဖျောက်နိုင်စွမ်း ဘယ်လောက်ပဲရှိရှိ ဆုံးရှုံးမှုကို နားလည်လာတဲ့ တစ်နေ့ ယူကြုံးမရ ဖြစ်လိမ့်မယ်…

ဘာပဲဖြစ်ဖြစ် အရင်လို မဟုတ်တော့တဲ့ ငါတို့နှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့အခါ ခြားနားချက်တွေ ကွဲပြားခြင်းတွေ မတူညီတဲ့ ပုံစံတွေနဲ့ပဲ ဆိုပါတော့…

credit to ရာဝဏ

No comments

Powered by Blogger.