အင်္ဂါသားသမီးတွေဆိုတာ…
★ ★ ★ ★ ★ ★ ★
စကား နည်းတယ် လို့ ပြောကြတယ်။ မသိတဲ့ သူတွေနဲ့သာ အေးတာ။ သူငယ်ချင်းတွေ ထဲမှာဆို သူ စကားအများဆုံး။ စကားကြွယ်တယ် အပေါင်းအသင်း များတယ်။
လူချစ်လူခင် ပေါသလောက် လူမုန်းလဲ များတယ်။ ဒါပေမဲ့ အကြောက သိတယ်မလား။ ခွေးဟောင်တိုင်း ထ မကြည့်တတ်ဘူး😅
ဉာဏ်ကောင်း သလောက် အပျင်းကြီးတယ်။ ဘယ်လောက် ပျင်းလဲ ဆို ပျင်းရမှာကို ပျင်းနေတာ။ စိတ်အေးပေမဲ့ စိတ်ထက်တယ်။ စိတ်မြန်တယ်။
သဘောတော့ ကောင်းတယ်။ စိတ်ကြီးတယ် မဟုတ်မခံ ဆတ်ဆတ်ကြဲ တွေပေါ့။ သည်းခံ တတ်တာလည်း အင်္ဂါ သားသမီးတွေပါပဲ။
တစ်ခါတစ်လေ သူ့ကို ကြောလိုက်ရင် ရှေ့တင်မှာ မျက်နှာ မပျက်ပေမဲ့ အိမ်ရောက်ရင် တနုံ့နုံ့ နဲ့ အအိပ်ပျက် အစားပျက်ပဲ (ဘယ်လိုပြန်လုပ် လိုက်ရမှာ ဆိုပြီး)။ သူတို့ကို သေးသေးတော့ သွားမတင်လေနဲ့။ လုံးကြီးတင်ပြီး အဆံပါ ခတ်တတ်တာလဲ အင်္ဂါတွေပါပဲ။
အရှက်ကြီးတယ် စာနာ နာလည်မှုလည်း ပေးနိုင်စွမ်းတယ်။ ရှိသမျှလည်း ပေးကမ်းစွန့်ကြဲဖို့ ဝန်မလေးတက်ကြဖူး သူများ မလုပ်နိုင်ဖူး ဆိုတာကို ရွေးပြီလုပ်ပြတတ်တယ်။ မလုပ်ရင် အရှင်း လုပ်ပြီ ဆိုရင်တော့ သူသေရင်သေ၊ သူမသေရင် ကိုယ်အသေ ဆိုတဲ့ လူစားမျိုးတွေပဲ။
အင်္ဂါ သားသမီးတွေကို လိမ်ရင်တော့ သွားလိမ်တဲ့သူတွေက သူတို့အတွက် လူရွှင်တော်ပါပဲ။ (သိသိကြီးနဲ့ နားထောင်နေတာ) တစ်ခါ သူတို့ကို လိမ်လိုက်ရင် နောက်ဘယ်တော့မှ အယုံအကြည် မရှိတောာ့ဘူး။
အချစ်ရေး မှာတော့ ကံခေသူ တွေပေါ့။ အမြဲတမ်း ရတာမလို လိုတာမရတွေလေ😅။ မရနိုင်တာကိုမှ တန်းတန်းစွဲ နေတတ်တာ အင်္ဂါ။ တစ်ခုခုတော့ ကောက်ရမှ ကြာကြာလဲ စိတ်မဆိုးတတ်ကြဘူး။
ပျော်ရွှင်တဲ့ Relationship ကို ဖန်တီး ယူတတ်တယ်။ ဒါကြောင့် အင်္ဂါ သားသမီးတွေကို အချစ်ကြီး သူတွေလို့ ပြောကြတာ။ စိတ်တော့ နာအောင် သွားမလုပ်လေနဲ့။ တစ်သက်လုံး လှည့်မကြည့်တတ်ဘူး။ (ဘယ်လောက် ရင်းနှီးခဲ့ ရင်းနှီးခဲ့)
နောက်ဆုံးကတော့ အင်္ဂါ သားသမီးတွေက မချောရင်လဲ ရွက်ကြမ်းရေကျို ၊ ချောရင်လဲ ဘယ်သူ့မှ လိုက်မမီဘူး😅😅
Credit: Someone
Post a Comment