Header Ads

စနေသားသမီးတွေဆိုတာ ဒီလိုပါ



အမှန်တရားကို ပြောရင် လူတိုင်း လက်မခံချင် ကြပါဘူး

- စနေ ဆိုသည်မှာ စိတ်ကြီးတယ်  ....

- ဒေါသဖြစ်လာရင် ဘယ်သူကိုမှ ဘယ်အရာကိုမှ ထည့် မစဉ်းစားဘူး ထည့်လဲ မတွက်တတ်ဘူး

- ဒါပေမဲ့ ပြောပီး လုပ်ပီး သွားလို့ သူမှားနေတဲ့ ကိစ္စကိုလဲ ပြန် တောင်းပန်ဖို့ ဝန်မလေးတတ် ကြဘူး

- စိတ်နာအောင်တော့ လာမလုပ်နဲ့  သေတဲ့ အထိ မှတ်ထား တတ်တယ်

- အငြိုးအတေးလဲ ကြီးတယ်

- အပေါ်ယံ ခင်မင်တာ မလိုလားဘူး ၊ သူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ်

- ယောင်လို့တောင် စနေကို အရွဲ့မတိုက်မိ စေနဲ့  ၊ သူများတွေ ရွဲ့တာထက် အဆပေါင်း များစွာ ပြန်ရွဲ့ တတ်တယ်

- သနားအောင် ပြောလာရင် အိတ်ထဲ ရှိတဲ့ ပိုက်ဆံ မသုံးရရင် နေပါစေ ပေးပြစ် တတ်တယ်

- မပေးချင်ဘူး ကြည့်မရဘူး ဆိုရင် အဲ့လူ ဘာဖြစ်နေပါစေ လှည့်ကို မကြည့်တော့ဘူး

- လိမ်တာ ညာတာ အရမ်း မုန်းတယ်
- ဒါပေမဲ့ သူငယ်ချင်းများ အပေါ်တော့ ဟာသတွေ ရယ်စရာတွေ ပြောပြီး စနောက်တတ် ကြတယ်

- အနေ အေးတယ် တခြားသူ တွေကိုဆို ပြုံးပြဖို့ မပြောနဲ့
- မျက်နှာထားက ခပ်တည်တည်နဲ့ တလောကလုံးလဲ သူ့လုပ်စာ စားနေကြတဲ့ အတိုင်းပဲ

- ဘာပဲ လုပ် လုပ် အများအတွက်ပဲ ကြည့်တတ်တယ်
- တစ်ကိုယ်ကောင်း မဆန်တတ် ကြဘူး

- ဒါပေမဲ့ မထင်ရင် မထင်သလိုလဲ ပြောတတ်တဲ့ အကျင့် ကလည်း ရှိသေး
- ပြောရမယ်ဆို စနေ တွေဟာ မဟုတ်မခံ ပေါင်းရ သင်းရ ခက်ပြီး
- စိတ်သဘောထား ကောင်းတဲ့ လူ့ဂွစာကြီး တွေပေါ့ ။

Credit : Original Writer

No comments

Powered by Blogger.