❤ နင်ငါ့ကို အရမ်းချစ်ပြနေစရာ မလိုဘူး.. But..
💓 နင် ငါ့ကို အရမ်း ဂရုစိုက်ပေးစရာ မလိုဘူး ငါ စိတ်အားငယ်နေတဲ့အချိန် ငါ့လက်ကို ဆုပ်ကိုင်ပေးထားရင် ရပြီ➖
💟 နင် ငါ့ကို အရမ်းကြင်နာစရာ မလိုဘူး ငါ နေမကောင်းဖြစ်တဲ့အချိန် ငါ့ဘေးမှာ ရှိနေပေးရင် ရပြီ➖
💘 နင် ငါ့ကို အချိန်ပြည့် သတိရနေစရာ မလိုဘူး တစ်နေ့ တစ်ခါလောက် ဖုန်းဆက်ပေးရင် ကျေနပ်ပြီ➖
💞 နင် ငါ့ကို လိမ်ညာနေစရာ မလိုဘူး နင် ဘာလုပ်လုပ် ပွင့်ပွင့်လင်းလင်း ပြောရင်တော်ပြီ➖
💗 နင် ငါ့အတွက် အချိန်ပေးစရာ မလိုဘူး နင့် နှလုံးသားထဲမှာ ငါရှိနေရင် ငါ့အတွက်ပြည့်စုံပြီ➖
💓 နင် ဘယ်သွားသွား ငါ့ကို တိုင်ပင်စရာ မလိုဘူး နင် လမ်းမမှားရင်ပဲ ငါ ခွင့်လွှတ်တယ်➖
💕 နင် ဆေးလိပ်သောက် အရက်သောက်လို့ ငါစိတ်မဆိုးဘူး စွဲစွဲမြဲမြဲသောက်ရင် မကောင်းဘူး ဆိုတာ နင်သိရင်ရပြီ➖
💖 နင် ငါ့စကား နားမထောင်လို့ ငါဒေါသ မထွက်ဘူး နင့်စကားမှန်သမျှ ငါနားထောင်နေတာ နင် နားလည်ရင်ရပြီ➖
💜 နင့် အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးကြား ငါဝင်မရှုပ်ဘူး နင်အပေါင်းအသင်းတွေနဲ့ ပျော်နေတဲ့အချိန် ငါ့ကို သတိရပေးပါ➖
💝 နင်လုပ်သမျှ အရာရာ ငါ့အတွက်ကြီးပဲ ဖြစ်နေစရာမလိုဘူး နင့်အတွက်လည်း နင်ကြည့်ပါ ငါနားလည်တယ်➖
💛 နင့် ရင်ဘတ် တစ်ခုလုံးကို ငါ မပိုင်ဆိုင်ရလဲ ဘာမှမဖြစ်ဘူး ဒါပေမယ့် ဘယ်သူနဲ့ ယှဉ်ယှဉ် ငါပထမ ဖြစ်ချင်တယ်➖
❤ နင် ငါ့ကို အရမ်း ချစ်ပြနေစရာ မလိုဘူး ငါ ချစ်တာထက် နည်းနည်း ပိုချစ်ပေးရင်ပဲ ငါ့ဘဝကို နင်ပိုင်တယ်➖
💙 အများကြီး မလိုချင်ဘူး နင့် မိသားစု နင့် အသိုင်းအဝိုင်းကြားမှာ ငါဟာ နင့်ချစ်သူပါ လို့ ရဲရဲဝံ့ဝံ့ လက်တွဲသွားနိုင်ရင် ငါကျေနပ်ပါပြီ➖
credit မယ် ဖွေး

Post a Comment