Header Ads

မိန်းမတစ်ယောက် ရင့်ကျက်သွားတဲ့အခါ..


•သူမအရင်ကလို သင့်ရဲ့ ဂရုစိုက်မှုလေး တစ်ခုအတွက် မျက်နှာအငယ်ခံ တောင်းမှာ မဟုတ်ပါဘူး။ သင့်ရဲ့ လျစ်လျူရှူမှုက သူမခံနိုင်ရည်ကို ရိုက်ချိုးခဲ့ပီးပီ လေ..

•သတိတရနဲ့ ဆက်တဲ့ ဖုန်းတွေ လွမ်းတဲ့ sms တွေထက် သူမဘဝအတွက် အရေးကြီးတယ် ထင်တဲ့ အလုပ်တွေကို ကြိုးပမ်းတော့မှာပါ။ သင့်ရဲ့ ပစ်ထားမှု အပေါ်သူမ အထိုက်အလျှောက် နေသားကျနေပီလေ..

•တီတီတာတာ ချွဲနေကြ စကားချိုချိုတွေ အစား လိုအပ်တာထက် မပိုတဲ့ စကားလုံးတွေသာ သင်ကြားရမှာပါ။ သင့်အတွက် သူမပေးခဲ့တဲ့ အချိန်တွေက အရူးလို ဆက်ဆံမှုအောက် ဂျူံးဂျူံးကျ သွားခဲ့ပြီလေ..

•သင်မပေးခဲ့တဲ့ အချိန်တွေအတွက် ကျရတဲ့ မျက်ရည်တွေ အစား သူမ အချိန်ကို အကျိုးရှိတဲ့ လူတစ်ယောက်ကိုပဲ ပေးလိုက်မှာပါ။ သူမ သင့်အချိန်အတွက် မျက်ရည်စက်လက် စောင့်စားခဲ့တာ အတိုင်းအတာ ကျော်သွားပြီလေ..

•သင်ချစ်ရတဲ့ သူမဘေးမှာ အခြားသော တစ်စုံတစ်ယောက် ရှိလာတဲ့အခါ သူမ ရွေးချယ်မှုအတွက် သင် အပြစ်မမြင်ပါနဲ့။ သင် တန်ဖိုးထားရကောင်းမှန်း မသိတဲ့ သူမတန်ဖိုးကို သိတဲ့သူက ချီးမြှောက်မှာပါ။ သင်မမြင်ခဲ့တဲ့ သူမခံစားချက် အချို့ကိုလည်း ချစ်တဲ့မျက်စိနဲ့ ကြည့်တဲ့ တစ်စုံတစ်ယောက်ဟာ နားလည်မှာပါ။ မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံး အချိန်ဟာ သင်တို့ နားလည်နိုင်စွမ်းရဲ့ ဟိုးနံရံ တစ်ဖက်မှာပါ..

ချစ်ပါ ...
နားလည်ပါ ...
ဝေမျှခံစားပါ ...

credit to#➡ Hein Zayar

No comments

Powered by Blogger.