Header Ads

အချစ်ဆိုတာ လူသားမျိုးနွယ်စုရဲ့ အားဆေးတစ်လက်ဆိုပေမယ့်...


အချစ် ဆိုတာက လူသားမျိုးနွယ်စုရဲ့ အားဆေး တစ်လက်ပါ... ဒါပေမယ့် အချစ်ကြောင့် အားဆေး မဖြစ်ဘဲ
အဆိပ်သင့်လာတဲ့ ... လူတစ်ချို့ ရှိနေတတ်တယ်... အူယားမလေးကတော့ လုပ်ပြီ အချစ်ကြောင်းတွေ ပြေားပြန်ပြီ သိပြန်ပီနဲ့  သာလိကာလေးလို့ စကားက တတ်ပြန်ပီလို့  စောဒက မတတ်လိုက်ကြပါနဲ့နော်... ခလေး တစ်ယောက်လို သဘောထားပြီး ဖတ်ဖူး - မှတ်ဖူး လေ့လာဖူးတဲ့  စာသားလေးတွေ ပြန်လည် မျှဝေခြင်းပါ...

လူတစ်ယောက်ကို ချစ်မိပြီ.. ဆိုတာနဲ့ လူ့သဘာဝက ပိုင်ဆိုင်ချင်လာတဲ့.. "အတ္တ "ဆိုတဲ့ ငါစိတ် တွေ ကြီးထွား လာတတ်တယ်။ အချစ်စစ် မှန်ရင်တော့ အတ္တ မကင်းပါဘူး။ ဒါပေမယ့် အစွန်းရောက် အတ္တကြောင့်
အစွန်းရောက် မျှော်လင့်ချက်တွေ အရောင် တောက်လာပီး ယုံကြည်မှုတွေ ပြင်းထန်လာတတ်တယ်။

၁) နှလုံးသား စေခိုင်းချက်ကြောင့် ချစ်ခဲ့လည်း ဦးနှောက်ဆိုတဲ့ သတိနဲ့ အမှန်အမှားကို ဝေဖန်ပိုင်းခြားပါ။

၂) အချစ်စိတ်ကို အတိုင်းအတာ အနည်းအများ ကန့်သတ်လို့ မရတတ်ပေမယ့် မျှော်လင့်ချက် အတိုးအလျော့နဲ့ ထိမ်းသိမ်းပါ။

၃) ကိုယ်ချစ်တဲ့သူကို လူတိုင်းလိုလိုက ယုံကြည်တတ်ကြလို့ မျက်စိ နား ကန်းသွားအောင်တော့ ဘယ်တော့မှ မယုံကြည်လိုက်ပါနဲ့။

၎) အချစ်ဆိုတာ နှလုံးသားနှစ်ခု တစ်ထပ်တည်း ကျရုံနဲ့ ဘဝတစ်ခု ဖြစ်မလာနိုင်ဘူး ဆိုတာ သိထားပေးပီး ကံကြမ္မာဆိုတဲ့ ပယောဂတွေ ရှိနေတတ်တယ် ဆိုတာ သတိထားပေးပါ။

၅) လူ့စိတ်ဆိုတာ အခြေအနေနဲ့ အချိန်အခါပေါ်မှာ ပြောင်းလဲတတ်ပီး ငါမှ ငါ့ကိုသာ တစ်သက်တာ သူက ချစ်လိမ့်မယ်လို့ မယုံကြည်ထားပါနဲ့။

၆) အချစ်ဆိုတာ တကယ့် လက်တွေ့ လောကဓံနဲ့ ဝင်တိုက်မိရင်..... တစ်ခါတစ်ခါမှာ ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော လှေမှောက်ရင်တော့ ကိုယ့်အသက်ရှင်အောင် အရင်ဆုံး ရုန်းကန်တတ်ကြတဲ့ လူ့သဘာဝကို နားလည်ထားပါ။


၇) လူတော်တော်များများက  အခြားသူကို ကိုယ့်အတ္တကြောင့် ကိုယ့်လိုအင် ဆန္ဒအတွက် အစားထိုးခြင်းဖြစ်ပီး ကိုယ့်ကိုကိုယ်ထက် အခြားသူကို ပိုချစ်တယ် ဆိုတာက ပုံပြင်ထဲမှာပဲ ရှိတယ်လို့ မှတ်ယူပါ။

အချစ် ဆိုတာက ချစ်တတ်ရင် မပူပါဘူး.. နားလည်မှု ဆိုတဲ့ လက်နှီးလေး ဆောင်ထားပီး အစွန်းမရောက်တဲ့ ယုံကြည်မှုဆိုတဲ့ စလောင်းအဖုံးကို ကိုင်တွယ်တတ်ရင် ကံကြမ္မာ ဇာတ်ဆရာက မျက်လှည့်ပြခဲ့လည်း..... ပူလောင် နာကျင်မှုတွေထက် တမ်းတစိတ်တွေပဲ ရှိနေမှာပါ။

အချစ်ဆိုတာက အနေနီးခြင်းဝေးခြင်း ပိုင်ဆိုင်ရခြင်းမပိုင် ရခြင်းထက် ကိုယ့်စိတ်ထဲမှာ သူရှိနေရင်ဆိုတဲ့ အတွေးမျိုးနဲ့ နေတတ်အောင်..... ပျော်အောင် နေရတဲ့ အချိန်မျိုးလည်း ရှိနေတတ်တယ်။

အချစ်တွေ ပျောက်ပီး နာကျင်မှုတွေပြည့်ကာ အမုန်းတွေ မဝင်ရအောင် ချစ်တတ်အောင် စိတ်ထားတတ်ဖို့ လိုပါတယ် လို့ အကြံပြု ပါရစေရှင်...

credit #Sumonpo.. KyalsinThitsar

No comments

Powered by Blogger.