နည်းပညာ အစားမထိုးပဲ သက်စွန့်စံဖျား သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားများ
Mad Max: Fury Road
Mad Max: Fury Road ဆိုတဲ့ ဇာတ်ကားကို မှတ်မိကြမယ် ထင်ပါတယ်။ကားတွေပေါ်မှာ လူတွေကို တုတ်နဲ့ထိုးပြီး တင်ဆောင်သွားတဲ့ အခန်းပါဝင်ပါတယ်။ ဒီတိုင်တွေပေါ်က လူတွေဟာ စတန့်သမားတွေ ဖြစ်ပါတယ်။သူတို့ဟာ တကယ့်ကို သက်စွန့်စံဖျား လုပ်ဆောင်တာဖြစ်ပြီး ကွန်ပြူတာပညာ အစားထိုးခြင်း မရှိပါဘူး။
The Texas Chainsaw Massacre
The Texas Chainsaw Massacre ဆိုတာ တချိန်က နာမည်ကြီးခဲ့တဲ့ လူသတ်ကားဖြစ်ပါတယ် ။နိုင်ငံတချို့ကတောင် ရက်စက်လွန်းတယ် ဆိုပြီး ပိတ်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဒီကားမှာပါတဲ့ လွှစက်ကြီးကို ကိုင်တတ်ဖို့နဲ့ ရက်စက်စွာ ခုတ်ထစ်တဲ့ပုံစံရဖို့ Gunnar Hansen က လုပ်ခဲ့တာဖြစ်ပါတယ်။ အခန့်မသင့်ရင် သူ့ကိုပြန်ထိနိုင်ပါတယ်။
Lost
Lost. ဆိုတဲ့ ဇာတ်လမ်းတွဲ နာက်ဆုံးပိုင်းမှာ အန္တရာယ်အရှိဆုံး အခန်းကို သရုပ်ဆောင်ရပါတယ်။ ဒီအခန်းမှာ တကယ့် ဝံပုလွေအစစ်ကို သုံးခဲ့ပြီး ဓားကိုလည်း အစစ်သုံးခဲ့တာ ဖြစ်ပါတယ်။တကယ်လို့ တစုံတရာ အမှားအယွင်းရှိခဲ့ရင် ဝံပုလွေကို ပြန်ခုခံဖို့ ဓားအစစ်နဲ့သာ ရိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။
Mission Impossible : Rouge Nation
Mission Impossible : Rouge Nation ဆိုတဲ့ ရုပ်ရှင်မှာ တွမ်ခရုရဲ့ လုပ်ဆောင်ချက်ကို လူတိုင်းနီးပါး သိကြပါတယ်။ ဒူဘိုင်းက အထပ်မြင့်တိုက်ကြီးမှာ သူဟာ တကယ်ကို တက်ခဲ့တာဖြစ်ပြီး ဒီအခန်းကို 8 ကြိမ်ပြန်ရိုက်ပြီး ကြောက်မက်ဖွယ် အငွေ့အသက်ကို 8 ခါ ခံစားခဲ့ရသူဖြစ်ပါတယ်။
Speed
Speed ဆိုတဲ့ ရုပ်ရှင်ကားဟာ လမ်းပေါ်မှာ တကားလုံး ပြီးခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ကားတွေ မောင်းနှင်မှုကို ဦးစားပေး ရိုက်ကူးထားတဲ့ ကားဖြစ်ပြီး Keanu ဟာ တဖက်ကားက သွားနေတဲ့ကားအပေါ် ခုန်တက်ခဲ့တဲ့ အခန်းမှာ လူအစားမထိုး ကွန်ပြူတာပညာ အစားမထိုးပဲ ရိုက်ခဲ့ပါတယ်။
Catwoman
Catwoman ရုပ်ရှင်ကားမှာလည်း ထိတ်လန့်ဖွယ် အခန်းတခန်းကို အသက်စွန့် လုပ်ဆောင်ခဲ့ရတာ ရှိပါတယ်။ ဒါကတော့ အထပ်ပေါင်း 26 ထပ်ရှိပြီး ပေပေါင်း 220 မြင့်တဲ့ အထပ်အမြင့်ကြီးကနေ ပြုတ်ကျတာ ဖြစ်ပါတယ်။ ဒါကို ကြိုးမသုံးပါဘူး။ အောက်မှာ လေထိုးမွေ့ယာကြီး ခံထားတာဖြစ်ပြီး လေပေါ်မှာ အလွတ်ခုန်ချရတာ ဖြစ်ပါတယ်။
Terminator: Judgement Day
Terminator: Judgement Day မှာလည်း အကြောက်အလန့်မဲ့စွာ သရုပ်ဆောင်မှု ရှိပါတယ်။ ဒါကတော့ ဟယ်လီကော်ပတာရဲ့ အောက်ကနေ တွဲလောင်းခိုပြီးသွားရတဲ့ ကြောက်မက်ဖွယ် အခန်းကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒါကို James Cameron ကိုယ်တိုင်က ရိုက်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပြီး CGI နည်းပညာ မသုံးခဲ့ပါဘူး။
Crank
Jason Statham ဟာ အချိန်တိုင်းအတွက် အကောင်းဆုံး မင်းသားတစ်လက်ထဲ ပါဝင်ခဲ့တာ သံသယ ရှိစရာမလိုပါ။ ခက်ခဲစွာ သူကြိုးစားခဲ့ပါတယ်။ ပေ 2000 အမြင့်ပေါ် ရောက်နေတဲ့ ဟယ်လီကော်ပတာ ဆီမှာ တိုက်ခိုက်ကြတော့ သူဟာ ပြတင်းပေါက်က ကျလုဆဲဆဲ အခန်းတွေတောင် ကြိုးမတပ်ခဲ့ပါဘူး။ CGI လဲ မသုံးခဲ့သလို ဟယ်လီကော်ပတာလည်း တကယ် ပျံခဲ့ပါတယ်။
The Thing
The Thing ဆိုတဲ့ ရုပ်ရှင်ကားမှာ Juliette ပါဝင်သရုပ်ဆောင်ရတဲ့ အခန်းနည်းပါတယ်။ဒါပေမယ့် သူဟာ အဲ့ကားထဲမှာ မီးလောင်သေဆုံးဆဲ့အခန်းမှာတော့ 6 စက္ကန့်မီးလောင်ခံပြီး ရိုက်ကူးခဲ့ပါတယ်။မီး ပြန်ငြိမ်းလို့မရရင် သူဟာ လောင်ကျွမ်းပြီးသေသွားနိုင်တဲ့ အခန်းဖြစ်ပါတယ်။
Golden Eye
Wayne Michael က အတော်ဆုံး စတန့်မင်းသားတစ်ဦးဖြစ်ပြီး Golden Eye ဆိုတဲ့ နာမည်ကြီး ရုပ်ရှင်ကားထဲမှာ သူဟာ ရေကာတာပေါ်ကနေ အလွတ်ခုန်ချခဲ့တာဖြစ်ပါတယ်။
Terminator : Judgement Day
Terminator : Judgement Day မှာ အတော်လေး စွန့်စားရတဲ့ အခန်းတွေပါ ပါတယ်။တနာရီကို မိုင်ခြောက်နဲ့ ပြေးနေတဲ့ ကုန်တင်ကားပေါ် တက်ပြီး တဖက်ကို တိုက်ခိုက်တဲ့ အခန်းမှာ ဘာအကူအညီမှ မယူပဲ စတန့်ပြခဲ့တာ ဖြစ်ပါတယ်။
The Matrix Reloaded
The Matrix Reloaded ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကုန်ကားကြီင်္း နှစ်စီးတိုက်ပြီး မြင့်တက်သွားတဲ့ လူနှစ်ယောက်ဟာ ဘာအကူအညီမှ မပါသလို နည်းပညာ အပံ့တွေလည်း မပေးခဲ့ပါဘူး။ အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ကွန်ပြူတာပညာ အစားမထိုးပဲ သက်စွန့်ဆံဖျား သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင် မင်းသားတွေရဲ့ ဇာတ်ကားများ အကြောင်းပဲ ဖြစ်ပါတယ်။
Source – cantwait2say













Post a Comment