Header Ads

မိန်းကလေးတစ်ယောက်က သူချစ်တဲ့ယောင်္ကျားလေးကို ဒီလိုလေးဆုံးမတယ်


မိန်းကလေး တစ်ယောက်က သူတို့ချစ်တဲ့ ယောက်ျားလေး တစ်ယောက်ကို ❤ ဒီလိုလေး ဆုံးမ တတ်တယ် ...😐😐 

😐‪‎ ဆေးလိပ် မသောက်ပါနဲ့လား‬?

အဲ့တာ မင်းကို သူမ ချစ်လို့ 💗ပြောတာပါ။ မင်း ဆေးလိပ်သောက်ပီး ရောဂါ ရမှာ စိုးရိမ်လို့ မင်းနဲ့အကြာကြီး နေချင်လို့ မင်းကို ပြောတာပါ။ တကယ်လို့ သူမသာ မင်းကို မချစ်ရင် မြန်မြန် သေလဲ အေးတာပဲ ဆိုပြီး ပစ်ထားမှာပါ 😌

😐‪‎ အရက် မသောက်ပါနဲ့လား‬?

အဲ့တာ မင်းကို ချစ်လို့ပြောတာပါ မင်းကို အရက်သောက်ပီး အသဲရောဂါ ဖြစ်မှာဆိုးလို့ သူမ ပြောတာပါ 😌

😐‪ Clubတွေ ဘာတွေ မသွားပါနဲ့လား‬?

အဲ့တာ မင်းကို မကောင်းတဲ့ မိန်းမတွေနဲ့ တွေ့ပြီး AIDS ဖြစ်မှာဆိုးလို့ သူမစိတ်ပူလို့ ပြောတာပါ 😌

😐‪ မိဘစကား နားထောင်နော် လိမ်လိမ်မာမာ နေပါလား‬?

အဲ့ဒါ သူမက မင်းကို မင်းမိဘတွေနဲ့ အဆင်ပြေပီး ချစ်ချစ်ခင်ခင် နေစေချင်လို့ အိမ်နဲ့ ပြသနာ မရှိမှ မင်းစိတ်ချမ်းသာမှာလေ 😌

😐‪ စာကြိုးစားပါလား‬?

အဲ့တာ မင်းကို တော်စေချင်လို့ တတ်စေချင်လို့ပါ 😌

😐‪ သပ်သပ်ရပ်ရပ်လေးပဲ ဝတ်ပါလား‬?

အဲ့တာ မင်းကို လူတိုင်းက ကြည့်စမ်း ဒီကောင်လေးက ဝတ်စားတာလေးက ချစ်စရာလေး ဘာဖစ်ဒယ် ညာဖစ်ဒယ် ဆိုပြီး ချီးကျူတာ ခံစေချင်လို့ပါ 😌

နောက်ဆုံး ပြောရရင် 👩 မိန်းကလေး တွေက သူမတို့ချစ်တဲ့ယောက်ျားလေး တျောက်ကို အားအားယားယား လေကုန်ခံ ပါးစပ် အညောင်းခံပြီး လိုက်ပြောနေတာမဟုတ်ဘူး။ မင်းတို့ ကောင်းဖို့အတွက် ပြောတာပါ။ မင်းတို့လုပ်တော့ရော ဘာဖြစ်သွားလဲ။ သူမကို ဘာမှမဖြစ်ဘူး။ မထိခိုက်ဘူး။ မင်းတို့ပဲ ထိခိုက်နစ်နာမှာ (ကံဆိုးရင် ဟိုက ပစ်တောင်သွားဦးမရ်)။

အာ့ကို တချို့ဘဲတွေက ဟာ ဒီကောင်မ ငါ့ကို အရမ်းချုပ်ချယ်တာပဲ နားလည်မှုမပေးဘူး ဘာဖြစ်တရ် ညာဖစ်တရ်နဲ့ လာသေးတာ။ 😌 မိန်းမဆိုတဲ့ ဟာလေးတွေကလေ သူတို့ချစ်သူကို ကောင်းစေချင် လိမ်မာစေချင်တဲ့ လူတွေပဲ။ သူတို့ကြောင့် မင်းတို့ အနည်းငယ် ပြောင်းလဲသွားတယ် ဆိုရင်ပဲ သြော်... ငါ့ကို ချစ်လို့ သူငါမကြိုက်တာ မလုပ်ဘူးပဲ ဆိုပီး ခုန်ဆွခုန်ဆွ နဲ့ ပျော်နေတဲ့လူတွေပါ 😊😊 😌

Credit: Owner 💗💗💗💞💞💞💞💞

No comments

Powered by Blogger.