Header Ads

ကိုကို သဲကို ဘာလို့ချစ်တာလဲဟင်


" ကိုကို ! သဲကို ဘာလို့ ချစ်တာလဲဟင် "

အဲ့မေးခွန်းက Boy တွေ အတွက် တစ်ကယ် ချောင်ပိတ်တဲ့ မေးခွန်း… ချွေးပြန်တဲ့ အကွက်… ငုတ်တုတ်မေ့သွားစေတဲ့ စကားလုံးလေ…။

သိပ်ကြွယ်ပါတယ် ဆိုတဲ့ ငနဲတွေ ဆရာကျပါတယ် ဆိုတဲ့ ဘီးကျဲကြီးတွေ မိန်းမကျမ်း ကျေနေတဲ့ ဘိုးတော်တွေတောင် လှုပ်မရ လှည့်မရတဲ့ Question မျိုးပါ…။

ဘာကြောင့်လဲ?

ကိုယ်က ဖြေတဲ့ အဖြေကို ပြန်ထောက် ပြန်သတ်မယ့် မေးခွန်းမျိုး မိန်းခလေးတိုင်းမှာ ရှိနေတတ်လို့ဘဲ။

"လှလို့ ချစ်တာပေါ့"

အလွယ်ဖြေလိုက်ကြည့်…

သြော် ဒါဆို "မလှရင် မချစ်ဘူး" ဆိုတဲ့သဘောပေါ့နော်…

အဲ့လို Reply မလာခဲ့ရင် ပါးသာ တက်ချသွားလိုက်… စိတ်ထဲကတော့ သူမ မကြားအောင် ပြောမိပါရဲ့

"မလှဘဲ ချစ်ရကြိုက်ရအောင် ငါက ငပိန်းလား" ပေါ့…။

"ခလေးဆန်လို့ ချစ်တာ"

လွှတ်ခနဲ မဖြေလိုက်မိစေနဲ့…

သေမယ့်သာပြင် ရာသက်ပန် အဲ့စကား အတည်ဖြစ်ပီ။ နောက်တော့မှ အပြောနဲ့ အလုပ်မညီဘဲ ဆိုးတယ် မလိမ္မာဘူး မရင့်ကျက်ဘူး ဆိုပီး အပြစ်တင်ဖို့ မစဉ်းစားလိုက်နဲ့။ မိန်းခလေးဆိုတာ သူအားသာတဲ့အကွက်ဆို သေတဲ့ထိ မမေ့ဘူး လမ်းကြုံတိုင်း သုံးပြတတ်တယ်။

"အသံလေးကို ချစ်တာ"

အားအားယားယား လျှောက်မပြောမိစေနဲ့…

နောက်နေ့ကစ ဖုန်းပြောတဲ့အသံက တစ်မျိုး အပြင်မှာ ဆုံတဲ့အခါ တစ်မျိုး ပျော်ရင် တစ်မျိုး ပေါက်ကွဲတဲ့အခါ အသံတစ်မျိုး ကြားရပါတော့မယ်။ Fake တာလည်း ကြည့် Fake ပေါ့လေ…

ညတိုင်း သီချင်းဆိုပြလို့ စိတ်ပျက်သွားတာမျိုး ဖုန်းပြောရမှာ ကြောက်လို့ ပတ်ပြေးတာမျိုးတော့ မဖြစ်စေနဲ့ပေါ့လေ. ကိုယ့်စကားကိုယ် တာဝန်ယူပါ။

"အရပ် ရှည်တာလေးကို ကြွေတာ"

ပြောမိပြောရာ မပြောလိုက်နဲ့…

ဒါဆို ကျမက သိပ်လှလွန်းလို့ ချစ်တာ မဟုတ်ဘူးပေါ့နော်။ ရတယ်လေ ရပါတယ်။ စိတ်ဓါတ်လေးတွေ သိရတာပေါ့။ ကျမမှာတော့ ဟုတ်လှပြီထင်ပြီး ရွှိုင်းလိုက်ရတာ… မိတ်ကပ်တွေများချက် ဇွန်းနဲ့ပါ ခြစ်ချလို့ရတယ်…

သင်မေ့နေတဲ့ တစ်ချက်ရှိတယ်…

အရပ်ရှည်တဲ့ မိန်းခလေးတွေကလေ။ လူသာ ရှည်တာ စိတ်က တစ်စက်လေးမှ မရှည်ဘူးရယ်။ ရိတတ် ရွဲ့တတ် စကားနာ ထိုးတတ်တဲ့နေရာမှာ နံပါတ် ၁ ။ စိတ်ကောက်သွားရင် ပြန်ချော့ရ အခက်ဆုံးလေးတွေလေ။

"ချစ်လို့ ချစ်တာပေါ့"

ကြောင်တောင်တောင် သွားမဖြေမိစေနဲ့…

ဟိုက ရစ်လိုက်လို့ မျက်ရည်ပါ ဘူးသီးလောက်ကျသွားမယ်။

ဒါဆို သဲကို အပျော်တွဲဖို့ ရောက်လာတာပေါ့လေ။ ထင်ပါတယ် ရုပ်ကြည့်ထဲက မရိုးသားမှန်း။ ခုတော့ အလိမ်ပေါ်ပြီ။

အဲ့ဒါဘဲ လူတွေက.… တစ်ခါတစ်ခါ ကိုယ်က ဆိုလိုတာက တစ်ခြား၊ သူတို့ဘာသာ ပြောနေတာက တစ်ခြား "b.u.s.y" ဘာမှမဆိုင်တဲ့ အကွက်တွေလေ။

" မြင်မြင်ခြင်း ခိုက်သွားတာ"

ခလေးအကွက် သွားမလုပ်နဲ့… ဘယ်မှာ မြင်တာလဲ? ဘယ်တုန်းကလဲ? အဲ့နေ့က ဘာဝတ်ထားလဲ? အချိန်ပြော ?

ဖြေပြန်တော့လည်း… မယုံပါဘူး၊ မဖြစ်နိုင်တာ Ha haa ဘဲရမယ်… အန်တီကတော့ No ပါ

အချေဇယားတွေချည်း တန်းစီရသွားမယ်လေ။ ရှင်လျက်နဲ့ မသေချင်ရင် စကားပြောတာ ကြည့်ပြော။

"အသားမဲလို့ဟာ ကဲပြတ်ကရော"

"အရပ်ပုလို့ ဘယ်လိုလဲ ရှင်းလား"

" နှာခေါင်း ပွတက်နေလို့ Oki"

အဲ့လို ပေါက်ကရသာဖြေ သူတို့ ပြန်ပီး အကြပ်ရိုက်ကုန်ရော။ ရှုးရှုးရှားရှားနဲ့ ကက်ကက်လန် ရန်တွေ့တာ ကြုံရမယ်။ အနည်းဆုံးတော့… ဗိုက်ခေါက် လိမ်ဆွဲခံရလိမ့်မယ်။

တန်တာ တစ်ခုကတော့ နောက်ထပ်…

"ကိုကို သဲကို ဘာလို့ချစ်တာလဲ"ဆိုတဲ့ မေးခွန်းမျိုး ထပ်မေးရဲမှာ မဟုတ်တော့ဘူးလေ ။    ။

😁😁😁

credit #s_m

No comments

Powered by Blogger.