ကိုယ်ချစ်နေတဲ့ မိန်းကလေးကို အထှာကျကျ ချည်းကပ်နည်း
မိန်းကလေး တစ်ယောက်ကို အထာကျကျ ဘယ်လို ချည်းကပ်မလဲ..
ဒီပြသနာလေးက လူငယ် သဘာဝ စပြီး ချစ်တတ် ကြိုက်တတ်ကာစ အရွယ်လေးတွေမှာ အကြုံရများဆုံး ပြသနာပေါ့။ ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးကလည်း ရှိနေတယ် ၊ ခက်တာက ကိုယ်တိုင်ကလည်း အတွေ့အကြုံ မရှိတော့ ဘယ်ကနေ ဘယ်လိုစပြီး ချဉ်းကပ်ရမှန်းလည်း မသိနဲ့ အဲ့မှာတင် တိုင်တွေပတ်ကုန် တာပါပဲ။ အဲ့လို ညေးတို့အတွက် အကြံကောင်းတွေ လာပြီနော်
❎ ချစ်သူရှိ/ မရှိ လေ့လာရမယ်
နံပါတ်တစ် အလိုအပ်ဆုံးနဲ့ အခြေခံအကျဆုံးအချက်လေးပါ ။ ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးမှာ လတ်တလောချစ်ရတဲ့သူ ရှိနေလား ၊ မရှိဘူးလားဆိုတာကို သိရမှ အဲ့အချက်အပေါ်မူတည်ပြီး နောက်ပိုင်းလှုပ်ရှားရမယ့် အဆင့်တွေက တူညီမှာမဟုတ်ပါဘူး။
❎ သူတို့အမြင်မှာ အထင်ကြီး လေးစားဖွယ်ရာ ဖြစ်နေရမယ်
စွဲဆောင်မှုရှိတဲ့ မိန်းမတွေဟာ သူတို့အထင်ကြီး လေးစားလောက်တဲ့ အမျိုးသားတွေအပေါ်မှာသာ စိတ်ဝင်စားမှု ရှိတတ်ကြပါတယ်။ ဒါကြောင့် ညေးအနေနဲ့ အမျိုးသမီးတစ်ဦးကို စတင် ချဉ်းကပ်တော့မယ် ဆိုရင် ချစ်ပြ ၊ ဂရုစိုက်ပြတာတွေ အသာထားအုံး အရင်ဆုံး သူ့စိတ်ထဲမှာ လေးစား အထင်ကြီးလောက်တဲ့ လူမျိုးတစ်ယောက်အဖြစ် ထင်မြင်သွားအောင် အရင် နေပြသင့်ပါတယ်။
❎ အရမ်းရင်းနှီးအောင် မပေါင်းသင်းသင့်ဘူး
မိန်းကလေး တစ်ယောက်ကို ချစ်သူအဖြစ် ရောက်ဖို့ အရင်ဆုံး ရင်းနှီးအောင် ပေါင်းသင်းရတဲ့ အဆင့်တော့ ရှိတတ်တယ်။ အဲ့လိုနေရာမှာ ဟောဟာဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်းနဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်အောင် ပေါင်းပြီးမှ ချစ်သူ သမီးရည်းစားဘဝကို အဆင့်တက်မယ် ဆိုရင် တစ်ချို့အတွက်တော့ အဆင်ပြေကောင်း ပြေနိုင်ပေမယ့် တစ်ခါတစ်လေကျတော့ ကိုယ့်ကို အဆင့်တက်ခွင့်မပေးပဲ friend zone မှာတင် ထည့်ထားခံရ တတ်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဒါလေးတော့ သတိထားနော်။
❎ ယုံကြည်မှု ပျက်ပြားစေမယ့် အရာမျိုး မလုပ်မိစေနဲ့
ညေးက အဲ့ကောင်မလေး အနားကို သူငယ်ချင်းအဖြစ်နဲ့ စတင်ရင်နှီးခွင့် ရပြီဆိုတာနဲ့ ဒါ ညေးကို အစမ်းခန့် လိုက်တာပဲ ။ အဲ့တော့ အစမ်းခန့်ကာလမှာ အမှားမများစေနဲ့ ၊ အငြိုညင်မခံနဲ့ ၊ ရေ ဆိုတာနဲ့ ခပ်ပြီးသား ဖြစ်နေပါစေ ။ တရားဝင် အလုပ်ခန့်စာ ရပြီး မပြုတ်နိုင်တော့ဘူး ဆိုတာ သိတော့မှ ကိုယ့်စိတ်ကြိုက် ပြန်နေပေါ့။
❎ သူမနဲ့ ပတ်သတ်သမျှကို စိတ်ဝင်တစား အလေးထားတယ် ဆိုတာ သိအောင်ပြပါ
သူမရဲ့ အကြိုက်တွေ ၊ ဝါသနာတွေ နောက်ပြီးတော့ သူမရဲ့အဆင်မပြေမှုတွေ ၊ ကြိုးစား ရုန်းကန်နေရမှုတွေ ၊အခက်အခဲတွေ စတာအားလုံးကို သူမပြောချင်တဲ့အချိန်တိုင်း နားထောင်ပေးနိုင်အောင် ကြိုးစားပါ။ အကြံဥာဏ်လေးတွေ ပေးပါ ၊သူမအတွက်က ကိုယ်က အားထားရလောက်တဲ့ အနေအထားတစ်ခုမှာ ရှိနေတယ်ဆိုတာ သိအောင်ပြပေးပါ။ ပန်းစည်းကြီး တကားကားနဲ့ ကလေးကလားအကွက်တွေ နင်းတဲ့ခေတ်က ကုန်သွားပါပြီ..
ညေးတို့ ချစ်ရသူကို အထာကျကျ ပိုးပန်းတတ်ကြပါစေ...
Credit to original
Post a Comment