မင်းကို တကယ်ချစ်တဲ့သူဟာ...
မင်းရဲ့ ရှေ့မှာမို့လို့ ... သူ့မှာ မကျပဲ ထိန်းချုပ်လိုက်ရတဲ့ မျက်ရည် တစ်ချို့... မင်းရဲ့ ရှေ့မှာမို့လို့ သူ့မှာ မပြောပဲ မြိုသိပ်လိုက်ရတဲ့ စကားလုံး တစ်ချို့... မင်းရဲ့ ရှေ့မှာ မို့လို့ သူ့မှာ မပျော်ပဲ ပြုံးဖြစ်လိုက်ရတဲ့ အပြုံးလေးတစ်ချို့...
မင်းစိတ်မကောင်း ဖြစ်မှာဆိုးလို့ သူ့လိုအပ်ချက်လေး တွေကို မေ့ထားပြီး မင်းကို အရင် ဖြည့်ဆည်း ပေးခဲ့တဲ့အရာလေးတွေ.. မင်းစိတ်မကောင်း ဖြစ်မှာဆိုးလို့ သူ စားချင်တာလေးတွေ မေ့ထားပြီး မင်း စားချင်တာလေးတွေ အရင် ၀ယ်ကျွေးခဲ့တဲ့ အရာမျိုးလေးတွေ... မင်း စိတ်မကောင်းဖြစ်မှာ ဆိုးလို့ မရှိမဲ့ရှိမဲ့ စုထားတဲ့ ငွေလေးနဲ့ မင်းပူဆာသမျှ အရာလေးတွေကို မျက်နှာတစ်ချက် အပျက်မခံပဲ ဖြည်းဆည်းခဲ့ တာလေးတွေ...
သူနေမကောင်းတဲ့အခါ ရုတ်တရက် မင်းကို အမြဲ ဖုန်းဆက်ပြီး မေးလေ့ရှိတယ်.. ဘာလုပ်နေလဲ နေကောင်းရဲ့လားဆိုပြီး သူ့ကိုယ်သူတောင် အရင် ဂရုမစိုက်ဖြစ်တဲ့ အချိန်မျိုးလေးတွေ.. သူစိတ်ညစ်နေတဲ့အခါ ရုတ်တရက် မင်းကို အမြဲ ဖုန်းဆက်ပြီး မေးလေ့ရှိတယ်.. အဆင်ပြေလား ဘာတွေ စိတ်ညစ်စရာရှိလဲ ဆိုပြီး သူစိတ်ညစ်နေတာတွေ အပထား မင်းစိတ်ညစ်နေမလား ဆိုပြီး ပူပန်ပေးတဲ့ အချိန်မျိုးလေးတွေ.. သူနေမကောင်းတဲ့အခါ သူစိတ်ညစ်နေတဲ့အခါ မင်းသိအောင် မပြောတာတွေဟာ သူ့ကြောင့် မင်းစိတ် စိုးရိမ်ပူပန်နေရမှာ ဆိုးလို့ပါ.. သူဂရုစိုက်မခံချင်လို့ မဟုတ်ပါဘူး..
သူ့အတွက်ကြောင့် မင်းကို စိတ်ထိခိုက်မှု တစ်စုံတရာလေးကိုတောင် မပေးချင်တာမျိုးပါ.. မင်းကို တကယ်ချစ်တဲ့သူဟာ မင်းကို အမြဲ ပျော်ရွှင်မှုတွေ အမြဲပေးနေတဲ့သူမျိုး.. မင်းကို တကယ်ချစ်တဲ့သူဟာ မင်းကို အမြဲ ဂရုစိုက်မူတွေ အမြဲပေးနေတဲ့ သူမျိုး.. မင်းကို တကယ်ချစ်တဲ့သူဟာ မင်းကို အမြဲ သည်းခံမှုတွေ အမြဲပေးနေတဲ့သူမျိုး.. မင်းကို တကယ်ချစ်တဲ့သူဟာ မင်းကိုအမြဲ အလျော့ပေးမှုတွေ အမြဲပေးနေတဲ့သူမျိုး.. မင်းကိုတကယ်ချစ်တဲ့သူဟာ မင်းကိုအမြဲ နားလည်မှုတွေ အမြဲပေးနေတဲ့သူမျိုး..
သူတို့ဟာ တန်ဖိုးထားပြီး ချစ်တဲ့သူအတွက် ရယူခြင်း ဆိုတာထက် ပေးဆပ်နေတာကို ပိုခုံမင်တယ်.. အနိုင်ယူခြင်း ဆိုတာထက် အရှုံးပေးနေတာကို ပိုခုံမင်တယ်.. နောက်ပြီး သူတို့လိုချင်တဲ့အရာ မင်းဆီမှာ တစ်ခုပဲရှိတယ်.. အဲ့ဒါကတော့ သူမင်းအပေါ်မှာ ထားတဲ့ မေတ္တာတရားနဲ့ ပေးဆပ်ထားခဲ့တဲ့ အရာလေးတွေကို မင်းဆီက ပြန်လိုချင်မိတဲ့ အသိအမှတ်ပြုခြင်း ဆိုတဲ့ အရာလေးပါပဲ..
အခုလို အချစ်တုတွေ မေတ္တာတုတွေ ပေါများလွန်းတဲ့ ခေတ်ကြီးထဲမှာ အချစ်စစ် မေတ္တာစစ်နဲ့ ပေးဆပ်ပြီး ချစ်တဲ့သူဟာ တကယ်ကို ရှားပါတယ်.. တူညီသော တန်ပြန်တဲ့ မေတ္တာမျိုးလေးလည်း ပြန်ပေးဖို့ မမေ့လျော့မိပါစေနဲ့... ပိုင်ဆိုင်နေတုန်းမှာ သူ့တန်ဖိုးကို သိမြင်ပြီး နားလည်မှုထားပီး ချစ်နိုင်ကြပါစေ။
#စာဖတ်သူအားလုံးကျေးဇူးပါ။
Kurneair Zion #Kz:-)
Post a Comment