မိန်းမဆိုတာ သူတကယ်ချစ်မှသာ ယောင်္ကျားတစ်ယောက်အတွက် မျက်ရည်ကျတာပါ
မိန်းမ တစ်ယောက်က ယောကျာ်း တစ်ယောက်ကို တကယ် ချစ်တယ် ဆိုရင်...
သေအောင် ဆိုးလဲ သည်းခံတယ်။ အပြစ်တွေ လုပ်လည်း ခွင့်လွှတ်တယ်။ အချိုးမပြေလည်း ပြုပြင်ယူတယ်။ အားနည်းချက် ရှိလည်း နားလည်ပေးတယ်။ ကိုယ့်ကို ဂရုမစိုက်တောင် အလုပ်ရှုပ်လို့နေမှာ ဆိုပြီး ဖြည့်တွေးတယ်။
သူ့ကြောင့် ကိုယ်တစ်နေ့လုံး ငိုရတောင် သူ့ကြောင့် တစ်နာရီလောက် ရီမောခဲ့ရတာကို ပြန်တွေးပြီး ပိုချစ်တတ်ကြတယ်။ အများစုက ပြောကြတယ်။ မိန်းမဆိုတာ ကိုယ့်ကို မျက်ရည်ကျအောင် ငိုစေအောင် လုပ်တဲ့သူကို ပိုချစ်ကြတယ် တဲ့ မှားတယ်... မျက်ရည်ကျအောင် လုပ်တဲ့သူမို့ ချစ်တာ မဟုတ်ဘူး။
မိန်းမဆိုတာ သူတကယ်ချစ်မှသာ ယောကျာ်းတစ်ယောက် အတွက် မျက်ရည် အကျခံတာပါ... မချစ်များ မချစ်လို့ကတော့ တစ်ဖက်က ယောကျာ်း ကိုယ့်ကိုသေအောင် လာချစ်ပြလဲ ရင်မခုန်ဘူး။ သဲသဲလှုပ်အောင် ချစ်ပြလေ အမြင်ကပ်လေ အနားက မခွာလေ ကြည့်မရလေ ကိုယ့်အပေါ် ဂရုစိုက်လေ ချေချင်လေ။
ကိုယ့်ကြောင့် ယောကျာ်းကြီးတန်မဲ့ ငိုရင်တောင် "ဘာလားဟ ရူးကြောင်ကြောင်နဲ့ ယောက်ျားဖြစ်ပြီး မျက်ရည်လွယ်လိုက်တာ" ဆိုပြီး ဆမြင်ကပ်ပုဒ်မပါ တိုးသွားပါသေးတယ်။ ကိုယ့်မှမရလို့ သေပါမယ် ပြောတောင် သေလေ ဆိုပီး ငုတ်တုတ်ထိုင်ကြည့်မယ့် သူမျိုးတွေ။
အနုဆုံး နှလုံးသားနဲ့ အမာဆုံး စိတ်ဓာတ်ကို ပိုင်တာ မိန်းမတွေ... တစ်ခါတစ်ခါ မိန်းမတွေရဲ့စိတ်က သိပ်ဆန်းကြယ်တယ်... အဲသလို သိပ်ချစ်တတ်တဲ့ မိန်းမ စိတ်ကုန် စိတ်ပျက်သွားတဲ့အခါ ဥပေက္ခာပြုလိုက်ပြီဆိုလဲ သိပ်ကြောက်ဖို့ကောင်းတယ်...
Credit to LucKy🎃

Post a Comment