Header Ads

ချစ်သူတွေ အခေါ်အဝေါ်ပြောင်းကျိတဲ့အခါ


" ကိုကို သဲတို့ အ​ခေါ်အ​ဝေါ် ​ပြောင်းကြရင်​ ​ကောင်းမလား"

" ဘိုလို ... "

ငတိမက အဆန်း ... လုပ်​လိုက်​ရင်​လည်း တလွဲ ခုပဲကြည့် အ​ခေါ်အ​ဝေါ်က ​ပြောင်းချင်​​သေးတယ်​တဲ့

" ဒီလို ​ခေါ်တာပဲ​ ကောင်းပါတယ်​ သဲရာ "

" ဟာကွာ... မရဘူး ​ပြောင်း​ခေါ်ချင်​တယ်​ "

" ကိုင်း ... ဘယ်​လို ​ခေါ်မတုန်း "

" ​မောင်​​တော်​လို့ ... "

အယ်​လယ်​ ... နား​ထောင်​လို့​တော့ အ​ကောင်းသား​ဗျ ... ​မောင်​​တော်​တဲ့ ... ဒီလိုဆို ကျုပ်​က နှမ​တော်​လို့ ​ခေါ်ရမယ့်​ပုံ

" ကိုကိုက​ရော... ဘယ်​လို​ခေါ်ရမလဲ သဲ "

" ဟန်​နီ လို့ ... "

" ခွီး ... "

လုပ်​ပြီ တလွဲ ... ​မောင်​​တော်​နဲ့ ဟန်​နီ ဘယ်​လိုမှ မအပ်​စပ်​ဘူး ... အ​တွေးက အ​တွေး​ကောင်း ...

" မ​ကောင်းဘူးကွာ... တစ်​မျိုး​ပြောင်း "

" ဒါဆို ... ​မောင်​ကြီး "

အယ်​လယ်​ ...ဒါလည်းမဆိုးဘူး​ဗျ ... ​မောင်​ကြီးဆို​တော့ ကျုပ်​က နှမလို့​ခေါ်မယ်​​ပေါ့ ... အဲဒါက ကျုပ်​အ​တွေး ... ငတိမကို ​မေးရ​သေးတာ

" ဒါဖြင့်​ သဲကို​ရော ဘယ်​လို​ခေါ်ရမလဲ "

" ဆွီတီ လို့​ခေါ် "

" ခွီး ... "

သောက်​တလွဲလုပ်​ပြန်​ပြီ ... ​စဉ်းစားကြည့် မောင်​ကြီးနဲ့ဆွီတီ ဘယ်​လိုတွဲမလဲ​ဗျာ ....

" မကောင်းပါဘူး သဲရာ တစ်​မျိုး​ပြောင်းကြည့်​ဦး "

" ဒါဆို ကိုရင်​လို့​ခေါ်မယ်​ "

အဲ ဒီလိုလဲမဆိုးဘူး​ဗျ။ ကိုရင်​ငြိမ်း​မောင် ​ဆိုရင်​ အ​ခေါ်ကအ​ကောင်းသား ... ငတိမကိုကျ ဘယ်​လို​ ခေါ်ရမယ်​မသိ

" သဲကို ကျ​တော့​ရော ... "

" အမ်း ... ဆရာ​လေး လို့​ခေါ် "

"​ ဗု​ဒ္ဓေါ "

လုပ်​လိုက်​ရင်​ တလွဲချည်း.. လူကြားထဲမှာ ကိုရင်​နဲ့ ဆရာ​လေး​ခေါ်​တော့ ဘယ့်​နှယ်​ထင်​ကြမတုန်း ... မဖြစ်​​သေးပါဘူး​လေ

" ​နောက်​တစ်​မျိုး ​ပြောင်းကွာ ... "

" မသိ​တော့ဘူးကွာ... ကိုကို​ပြောကြည့်"

" အဲ ... ဒီလိုဆို ... အစားပုပ်​တဲ့ဝက်​မ လို့​ခေါ်မယ်​ ... "

" ဘာ... ခွီး ... "

ငတိမ ​ဒေါသထွက်​လာပါ​လေ​ရော... ဟုတ်​တယ်​​လေ... အစားကလည်းပုပ်​​သေး လူကလည်းတ​နေ့တခြား ဝလာတာ ...

" ဒါဆို ရှင်​က ရုပ်​ဆိုး အသားမဲ "

" ဖီး ... နှိပ်​ကွပ်​သဟ "

" ဒါဆို ပစ်​ဂျီပုပ်​ ... "

" ဘာ ... ကပ္ပလီမဲ "

" ဝက်​ပုပ်​​ထော်​ ... "

" ကုလားပိန်​ ... "

" ဝက်​ပြဲစိန်​ ... "

" ဒူလာမဲ ... "

" ခွီး ... ​တော်​ပြီ သဲပဲ​ခေါ်​တော့မယ်​ "

" ပြီး​ရော ... ကိုကို "

ရန်​ဖြစ်​လို့သာ ပြီးသွားတယ်​ ... ဖုန်းထဲမှာ​​တော့ ဝက်​ပုပ်​​ထော်​လို့ မှတ်​ထားလိုက်​တယ်​။ အခုက​တော့ ... သဲနဲ့ ကိုကိုပဲ အဆင်​​ပြေ​နေပါပြီ

စိတ်​ဝင်​စားရင်​ အချင်းချင်း နာမည်​​ပြောင်း ​ခေါ်ကြည့်​ပါလား ... သိပ်​စိတ်​ဝင်​စားဖို့ ​ကောင်းတာ ..... စိတ်​မဆိုး​ကြေး​ပေါ့ 😁

ဒါနဲ့ ကျုပ်​က​တော့ ကိုရင်ငြိမ်း​မောင်​ပဲ ကြိုက်​တယ်​ 😌

#nnnt 

No comments

Powered by Blogger.