Header Ads

နင့်ကို ကြည့်မရဘူး...


😏 ကြည့်မရဘူး...

😏 ငါကလွဲလို့ တစ်ခြား မိန်းကလေးတွေနဲ့ ရောရောနှောနှော နေရင် ကြည့်မရဘူး

😏 ငါမအားတဲ့အခါ တခြား မိန်းကလေးတွေနဲ့ ရယ်ရယ်မောမော ပြောဆိုနေတာတွေကို ကြည့်မရဘူး

😏 ငါတစ်ယောက်လုံးကို ရှေ့မှာထားပြီး တခြား မိန်းကလေးတွေကို ကြည့်ရှုဝေဖန်တတ်တဲ့ နင့်စရိုက်ကို ကြည့်မရဘူး

😏 အကူအညီလိုရင် (အထူးသဖြင့် မိန်းကလေးတွေဆိုရင် ) အပြေးအလွှားရောက် နေတတ်တဲ့ နင့်ရဲ့အလိုက်သိမှု တွေကို ကြည့်မရဘူး

😏 အပေါင်းအသင်း မိတ်ဆွေပေါတဲ့ နင်က မိန်းကလေးတွေကြား ပေါ်ပြူလာဖြစ် နေတတ်တာကို ကြည့်မရဘူး

😏 တစ်ခါတစ်ခါ ငါ့ကို မေ့ပြီး သူငယ်ချင်းတွေနဲ့ အလေလိုက်နေတတ်တဲ့ နင့်ကို ကြည့်မရဘူး

😏 လစ်ရင်လစ်သလို ငါ့ကို ပစ်ထားပြီး စိတ်ကောက်နေမှ ပြန်လာချော့တတ်တဲ့ နင့်ကို ကြည့်မရဘူး

credit မနောဖြူ

No comments

Powered by Blogger.