Header Ads

ချစ်​တတ်​​အောင်ချစ်​ပါ


အချစ်​ဆိုတာ ဘာလဲ ကိုယ်​မသိဘူး .. ကိုယ်​သိတာက ချစ်​တဲ့သူကို ချစ်​​နေဖို့ပဲလို့ ခံယူတယ်​ ။

သစ္စာတရားရဲ့ အဓိပ္ပါယ်​ကို စစ်​မှန်​ခြင်းလို့​ ခေါင်းစဉ်​ တပ်​လိုက်​တဲ့အခါ ပိုင်​ဆိုင်​ရခြင်း ​ဝေးကွာရခြင်း အတွက်​ ​သောက မရောက်​တော့ဘူး ။

သူဘယ်​သူနဲ့ အတူရှိရှိ ကိုယ့်​အနား ဘယ်​သူ့ကိုမှ ​နေရာမ​ပေးဘူး ။ လွမ်းလာရင်​ သူ့ပုံ​လေး ကြည့်​ပြီး ငိုတယ်​။ သီချင်း နား​ထောင်​တယ်​ .. သူစိတ် ​အ​နှောက်အယှက် ​ဖြစ်​လိမ့်​မယ် ​ဆိုတဲ့ စိတ်​နဲ့ ဖုန်းမ​ခေါ်ဖြစ်​သလို စာတစ်​လုံး​တောင် ​မပို့ဖြစ်​ခဲ့ဘူး ။

သူဘယ်​သူ့ အနားပဲ ​ရောက်​​နေ​နေ ကိုယ်​သူ့ကို ဘာတစ်​ခွန်းမှ မ​မေးမြန်းခဲ့သလို သူအ​ခေါ်​တော်​ မဆင့်​ဘဲ သူ့အနား ကပ်​တွယ်​မ​နေဘူး ။ သူလိုအပ်​မယ် ​ထင်​တာကို တတ်​နိုင်​သ​လောက် ​ဖြည့်​ဆည်း​ပေးတယ်​ .. ပြီးရင်​ ကိုယ့်​ဖာသာ​ တစ်​​ယောက်​ထဲ ​နေလိုက်​တယ်​ ။

လိုသုံးလို့ ​ပြော​နေကြလည်း ​ကျေနပ်​တယ်​။ အနည်းဆုံး​တော့ သူလိုအပ်​ချိန်​မှာ ကိုယ်​ဟာ အ​ရေးပါ​ နေခဲ့​သေးတာ​​လေ ။ သူကိုယ့်​ကို ဂရုစိုက်​စို​က်​ မစိုက်​စိုက်​ အ​လေးထားထား မထားထား ကိုယ်​သူ့ကို အမြဲတမ်း ဦးစား​ပေးထားတယ်​ ။

တ​နေ့မှာ သူ​ပြောလာတယ်​။ ဒီလို ချစ်​သူမျိုး ရထားတာ သူအရမ်း ကံ​ကောင်းတယ်​တဲ့ ။ ကိုယ်​ပြုံးပြုံး​လေးပဲ​နေလိုက်​တယ်​ ..


အဲ့ဒီ​နောက်​ပိုင်း သူဖုန်း​ခေါ်တာ ကိုယ်​မကိုင်​မိလိုက်​ရင်​ ပျာယာခတ်​​သူဟာ သူဖြစ်​လာတယ်​ .. သူလုပ်​တဲ့အရာ​တွေ သူကိုယ့်​အ​ပေါ် မ​ကောင်းခဲ့တာ​တွေ သူကိုယ့်​အ​ပေါ် ပျက်​ကွက်​ခဲ့တဲ့ တာဝန်​​တွေ ချစ်​သူ့ဝတ္တရား​တွေ အတွက်​ သူ့စိတ်​နဲ့သူ ​ခြောက်​လှန့်​လာတယ်​ ။

ဆုံးရှုံးရမှာ ​ကြောက်​တဲ့လူဟာ သူဖြစ်​လာတယ်​.. တချို့ ​ယောက်ျား​လေး​တွေဟာ အနီးမှုန်​​တွေ ဖြစ်​တယ်​ .. ကိုယ့်​​ဘေးနားက ကိုယ့်​အ​ပေါ် နားလည်မှု​ အ​ပေးနိုင်​ဆုံး လူကို ​တော်​ရုံ မမြင်​တတ်​ကြဘူး ။


ဒါ​ကြောင့်​ သူကိုယ့်​ကို မြင်​​အောင်​ ကိုယ့်ရဲ့ တန်​ဖိုးကို လိုတာထက်​ ပိုပြီး မချပြပါနဲ့ .. စည်းတစ်​ခု အတွင်းက​နေ သူ့ကို အတတ်​နိုင်​ဆုံး ဖြည့်​ဆည်း​ပေးပါ ။

ကြိုမမြင်​နိုင်​တဲ့ အနာဂတ်​မှာ ​ဝေးရဖို့အတွက်​ ပြင်​ဆင်​ထားပါ။ အတ္တကင်းတဲ့ ချစ်​ခြင်း​ကို ​မွေးမြူပါ .. နီးခြင်း​ဝေးခြင်းအ​ပေါ် မသက်​​​ရောက်​တဲ့ ချစ်​ခြင်းကို ပိုင်​ဆိုင်​ရတဲ့အခါ အချစ်​​ကြောင့်​ နာကျင်​စရာ​တွေ ဆိုတာ ရှိလာမှာ မဟုတ်​​တော့ဘူး ။

credit သက်​ထားခင်​(THK)

No comments

Powered by Blogger.