မိန်းကလေးဆိုတာ ပန်းတစ်ပွင့်လိုပါပဲ
ပတ်ဝန်းကျင်နဲ့  မိန်းမသား
_______________________
မိန်းကလေး ဆိုတော့ အရှက်သိက္ခာကို အသက်နဲ့ ထပ်တူ တန်ဖိုးထား တတ်ရမှာပေါ့ ။
အိနြေ္ဒမရှိ ၊ အရှက်တရားမသိ ၊ သိက္ခာတရားကို တန်ဖိုးမထား သူစိမ်းယောက်ျားတွေ အထင်သေးအောင် နေရင်တော့ အလိုလို တန်ဖိုးကျ နေမှာပဲလေ ။
မိန်းကလေးဆိုတာ စည်းကမ်း အရမ်း ရှိရတယ် ။ ကိုယ့် သွေးသားရင်း ယောက်ျားသား အကို ၊ မောင်တွေရှေ့မှာတောင် အပြောအဆို အနေအထိုင် ဆင်ခြင် တတ်ရပါတယ်။
ဘယ်လောက် ချောနေပါစေ ပညာတွေ ထူးချွန်စွာ တတ်ထားပါစေဦးတော့ အနေမတတ်ရင် ဘာတန်ဖိုး ရှိပါ့မလည်း ။
ခေတ်ပညာတွေ တတ်ပါစေ ခေတ်မကျွံပါစေနဲ့.. မိန်းခလေး ဆိုတာ ပန်းတပွင့်လိုပဲ ခူးခြင်သူ လက်တွေ
လှမ်းလာကြမှာပဲ ။ ကမ်းလာတဲ့ လက်တွေက သန့် စင်တဲ့လက်တွေ ရှိသလို မသန့် ရှင်းတဲ့ လက်တွေလည်း ပါလာလိမ့်မယ် ။
ကိုယ်ကသာတန်ဖိုး ရှိတဲ့လက်ကမ်းလာတာ လိုခြင်ရင် ကိုယ်ကိုတိုင် တန်ဖိုးရှိအောင်နေပေးထိုင်တတ်ဖို့  အရေးအကြီးဆုံးပါ ။
ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူး ဆိုတဲ့ အတွေးမျိုးကို မိန်းကလေး တစ်ယောက်ရဲ့ သိက္ခာနဲ့  ပတ်သက်လာရင် နည်းနည်းမှ မတွေးမိစေနဲ့ ။
တစ်ချို့ တွေပြောကြတယ်။ ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းရင် ခုနှစ်ရက် ကဲ့ရဲ့လည်း ခုနှစ်ဆိုပဲ ။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ တချို့ စကားတွေဟာ ကိုယ့်ဘဝထဲ အရိပ်မည်းကြီးလို လိုက်နေတတ်ပါတယ် ။
မိန်းမပျိုတစ်ယောက်ဟာ ပတ်ဝန်းကျင်ရဲ့ အသံ အမြဲနားစွင့် နေသင့်တယ်လို့  အကြံပေးပါရစေ ။ ဒါမှ ကိုယ့်အနေအထိုင် လွဲမှားမှုတွေကို ပြန်ပြင်ယူနိုင်မှာ ဖြစ်ပါတယ် ။
တချို့ ပတ်ဝန်းကျင်မှာ မဟုတ်ကိုအဟုတ်လုပ် ၊ အဟုတ်ကို မဟုတ်လုပ်ပြီး သားသမီးချင်း မနာစာ အပုပ်ချတတ်တဲ့သူတွေ အများအပြား ရှိနေတယ် ။
ဒါကြောင့် တခါတရံမှာတော့ ကိုယ်ဘယ်လောက်ပဲ မှန်ကန်စွာ နေပါစေ.. ပတ်ဝန်းကျင်ကိုတော့ နားစွင့်သင့်တယ်လို မြင်မိပါတယ် ။
ဘာလို့လည်း ဆိုတော့ သူဟာ ကိုယ်မဟုတ်တဲ့ လောကကြီးမှာ သူများသားသမီးဟာ ကိုယ့်သားသမီးမှ မဟုတ်တာ ဆိုတဲ့ စာနာမှုရှားပါးတဲ့ ပတ်ဝန်းကျင် ဆိုတဲ့ အရာ ရှိနေလို့ ပါဘဲ ။
credit to #MayNoe



Post a Comment