ယောင်္ကျားလေးတွေ ရွေးချယ်တတ်တဲ့ ကြင်ယာဖက်ဆိုတာ..
ယောကျာင်္းတွေ အပြင်ပန်း ပုံပန်း ခပ်လန်းလန်း အလှကို တွယ်ငြိတတ်တယ် လို့ သိထားကြပေမယ့်။ အမြင်နဲ့ ရင်ခုန် စွဲလမ်းတဲ့ တခဏတာ အပေါ်ကို ကြင်ယာဖက် တော်ရုံ မရွေးတတ်ကြပါဖူး။
အဲ့ဒီ တဒင်္ဂ သာယာမှုကလည်း အချစ်လို့ မမယ်၊ တစ်သက်တာ မရွယ်၊ အမျိုးသားတွေမှာလည်း သွားလျော့
တွက်မရတဲ့ အမျိုးသမီးတွေလို "စံ " ဆိုတာမျိုးနဲ့ ကြင်ယာဖက်ရယ် လို့ လက်တွဲ လိုကြသတဲ့။
💕 ငယ်စဉ်အခါ လူပျိုပေါက်အရွယ် ဆယ်ကျော်သက် ဘဝအသိ များစွာ မသိခင်ကတော့ အမေချွေးမ လှလှ သားအိမ်အပါ ခေါ်ခဲ့မယ်ရယ်လို့ အပြောသာ ရှိခဲ့သော်လည်း အချိန်တန်တော့ ချွေးမလှလှထက် စိတ်ဓာတ် အောက်တန်းစား မိန်းမမဖြစ်ဖို့သာ အရေးထားစွာ အိမ်အပါ ခေါ်ချင်ကြတာ လေ။
💕 ခေတ်ဆန်ပြီး လတ်လတ်ထ အရောင်ကြွနေတဲ့ နှမငယ် အလှ ခနတဖြုတ်သာ မျက်စိ ပကာဿ အရဿာ ခံတတ်ကြပေမဲ့…… တကယ်တမ်း လက်တွဲဝံတာကြတော့ အမြင်မရိုင်းတဲ့ ရိုးရှင်းပြီး အထှာကျတဲ့ မိန်းကလေး လက်ကိုသာ တွဲလျှက် ထားချင်ကြတာပါ။
💕 နောက်တချက်က ခုနောက်ပိုင်းခေတ်မှာ သိက္ခာနဲ့ မာန ဘယ်ချောင်ထိုးမှန်းမသိ တိုင်းတပါးကို အတုမြင် အတတ်သင် မိန်းကလေးကစလို ချစ်စကားဆိုတဲ့သွင် သိပ်မဆန်းကျယ်ဖူး မထင်ပါဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ရက်တော့ ဒါ့ဟာကြီးမားသော မိမိရဲ့ တန်ဖိုးကို အလေးမထား လိုက်ခြင်းမျိုးဘဲ။ ဒါကြောင့်လဲ... တန်ဖိုးဆိုတာ ခက်ခဲမှ မိမိကိုယ်တိုင်က အလေးထားကာမှ တဖက်ကလည်း မိမိကို မစော်ကားဝံ့မှာလေ။
💕 မိမိဖြစ်ချင်တာ နေရာတကာ ပြောပြမှ အလိုက်သိတတ်တဲ့ မိန်းကလေးထက် မျက်လုံးနဲ့ ကြည့်မိတာနဲ့ သူ့တို့ စိတ်ကို့ ခန့်မှန်းဖြည့်ဆည်းပေးနိုင်တဲ့ မိန်းကလေးသာ အရေးထားချင်ကြတာပါ။
💕 "ပိန်တာ၊ ဝတာ ချစ်တာလောက် အဓိက မကျပါဖူးကွာ" လို့ တော်ကီကို ယုံမှတ်လို ဖြစ်သလိုတော့နေမယ်မကြံနဲ့ လူကြားထဲ သူ့တို့အိမ်သူ သက်ထားပါလို့ ချပြချင်ကြတာ လှပသပ်ရပ်တဲ့ အမျိုးသမီးဆိုတာ သိထားပါ။
💕 သူ့တို့ထက် ပြတ်သားခိုင်မာ စိတ်ထားရှိတဲ့ မိန်းမသားတွေကို အထင်ကြီးအားကျ ချင်ကြမယ် ဒါပေမဲ့ လက်တွဲခွင့်တော့ သူတို့ မလိုလား အပ်ကြဖူးလေး။ အဲ့သလိုဘဲ သူတို့ထက် အရာရာ စွမ်းဆောင်နိုင်တဲ့ သူကို ဘဝအတွက် လက်တွဲဖို့ တွန့်ဆုတ်ကြတယ်လေ။ ဘာလိုဆို သူ့တို့က သူတို့ကို အားကိုးတာကို လိုလားချင်ကြတာကိုး……
💕 ယောကျာင်္းတွေအတွက်က အကောင်းဆုံး ဆိုတဲ့ ထက်မြက် နေတတ်တဲ့ မိန်းမမျိုးတွေထက် ထမင်းဟင်းချက်တတ်ပြီး သူ့တို့လိုအပ်တာ မှန်သမျှ နောက်ကနေ တကုတ်ကုတ်လုပ် သူ့တို့နဲ့ရတဲ့ ရင်သွေး ခလုတ်မထိ ဆူးမငြိအောင် ပြုစု စောင့်ရှောက်နိုင်မယ့် မိခင် ပီသတဲ့ သူလောက်သာ လက်ထပ်ချင်ကြသူက ခပ်များများရယ်ပါ။
💕 သူ့ပြောပြတာ ဂရုတစိုက် နားကလေးထောင် နှစ်သိမ့်ပေးပြီး သူ့ တယောက်တည်းသာ တစ်ကမ္ဘာ အထင်နဲ့ ယုံကြည့်အားကိုး ပေးတတ်တဲ့ သူမျိုးပါ။
တချို့ ယောကျာင်္းလေးတွေ သူ့တို့ဘဝမှာ ချစ်သူအပြင် တန်ဖိုးထားဆုံး မိခင်ရဲ့ သဘောကျလောက်တဲ့ ချွေးမလောက်သာ ဦးစားပေး ရွေးချယ်တတ်တဲ့ သားအလိမ္မာ သူတော်ကောင်း လေးများလည်း ရှိနေတတ်ပါတယ်လို့စ်……
ယောကျာင်္းကလေးများ ကြင်ယာဖက်နဲ့ ပတ်သက်လို့ အနီးစပ်ဆုံး သတိထားမိတဲ့ အချက်လေးများအား တင်ပြ လိုက်ရခြင်းပါ။
တချို့လဲ အမြင်မတူပါက လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။
✏✏✏ အစဉ်လေးစားလျှက်
credit #pïtÿ#


Post a Comment