Header Ads

အပေါစားအလှအပကို ဘယ်သူမှ ထာဝရတန်ဖိုး မထားဘူးညီမလေး


" ချစ်သော ညီမလေး သိပါစေ "
•••••••••••••••••••••••••

♚ လွတ်လပ်စွာ နေထိုင်ခွင့်  ရှိပါတယ်။ စည်းတော့ မကျော်စေနဲ့ ပေါ့ 

♚ ပွင့်လင်းစွာ ပြောဆိုခွင့် ရှိပါတယ်။ မရိုင်းစေနဲ့ ပေါ့

♚ ပိုင်ဆိုင်ထားတဲ့  အလှ လူတကာ မြင်အောင် ပြချင်နေရင်တော့ မိန်းကလေးတွေရဲ့ တန်ဖိုး ဘယ်သူတွေကို လက်ညိုးထိုးပြရမလဲ ခုခေတ်ကြီးမှာပေါ့ ကွယ်

♚ သနပ်ခါးကို ဘယ်ညာလိမ်း ထမိန်ကို ထိုင်မသိမ်း ၀တ်စရာ မလိုဘူး

♚ မိန်းကလေးတွေရဲ့ အလှ ပေါ်အောင်ပြမှ ဒီနေ့ ခေတ်မှာ အဆင်ပြေမယ် ထင်တဲ့စိတ် လွှင့်ပစ်နိုင်ပါစေ

♚ စကပ်တို ပေါင်ခွဲ ယဉ်ကျေးမှုတွေ ရှောင်လွှဲလို့  ဒီမိုကရေစီ စကားလုံးနဲ့  အပြိုင် မိန်းမတို့  သိက္ခာတွေ မယိုင်ပါစေနဲ့ ကွယ်

♚ စောင့်ထိန်းရမဲ့ သိက္ခာ လိုက်နာရမဲ့ ကျင့်ဝတ် ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ရင် သားကောင်းမိခင် စကားလုံး အဆင်ပြေပြေ သုံးနိုင်မယ် မထင်ဘူး

♚ တွေ့ မြင်တုန်း ခဏ ဟာ ဟင် ဆိုတဲ့  အာမေဍိတ်သံ ကြားမှာ ဂုဏ်ယူချင်တဲ့  စိတ် တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ

♚ ကျားတို့  သဘာဝ တပ်မက်စိတ်ကလွဲရင် တန်ဖိုးထားတဲ့  စိတ်ထား တပြားသားမှ မရတဲ့  အလှ ဘာလို့ များ ရချင်နေတာပါလိမ့် 

♚ ယောက်ျားလေး တစ်ယောက် ညနက်သန်းခေါင်ထိ လမ်းပေါ်မှာ ရောက်နေသေးရင် အိမ်ပြေး စကားလုံးထက် ပိုမရဘူး


♚ မိန်းကလေး တစ်ယောက် ညနက်သန်းကောင်ထိ လမ်းပေါ်မှာ ရောက်ရင် ညကြေးတွေ ခွဲ မကောင်းတဲ့  မိန်းမပဲလို့  တမ်း စွပ်စွဲကျဖို့  များတယ်

♚ ယောက်ျားလေး တစ်ယောက် ပေါ်အောင်ပြတဲ့ အလှ ၀ိတ်မ တဲ့ကာလ ပင်ပင်ပန်းပန်း လုပ်ရတဲ့ တဒင်္ဂပဲရှိတယ်

♚ မိန်းကလေး တစ်ယောက် ပေါ်အောင်ပြတဲ့ အလှ SEXY ကျတယ် ဆိုတဲ့ စကားလုံး ထက် ပိုမရဘူး


♚ ဒီတော့ ညီမလေးရယ်.. ဘယ်နေရာ ဘယ်ဒေသကို သွားသွား ညီအကို မောင်နှမ မျက်နှာလေးတွေ တော့  ပတ်ဝန်းကျင်မှာ ထားခွင့်ပြုနိုင်ပါစေ

♚ ပြောင်းလဲလာတဲ့ ခေတ်ယဉ်ကျေးမှုအရ ပေါ်အောင်ပြရမှ ကျေနပ်နိုင်မယ် ဆိုရင်လည်း သေချာတာ တခု သတိပြုနိုင် ပါစေကွယ်။ ပေါပေါ လောလော ရတဲ့ အလှ ဘယ်သူမှ ထာဝရ တန်ဖိုးမထားဘူး ဆိုတာကိုပေါ့။

စေတနာဖြင့်​.......

🔯CREDIT🔯to original

No comments

Powered by Blogger.