သင် တနင်္ဂနွေသားသမီးကို ချစ်သူတော်မယ်ဆိုရင်
တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်း ပေမဲ့... အခြားလူ တွေနဲ့ ကွဲပါးတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထား သူတွေပါ... ဒါကြောင့် သူတို့ဟာ အခြား လူတွေနဲ့ ကွဲပါးနေတတ် ကြပါတယ်...
တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာ ပါကြတယ်... ဗဟုသုတကို လိုက်စားတယ်... အအိပ်မက် တယ် အစားမကြီးဘူး... ဒါပေမဲ့ ခဏ ခဏ စားနေတတ် တာမျိုး... ဒေါသကြီးပေမဲ့ ကောက်ရိုးမီး လိုမျိုး... ခဏပဲ.... ပြီးရင် သူမဟုတ် သလိုမျိုး... စိတ်ဆိုး စိတ်ကောက် လွယ်တယ်.... ဒါပေမဲ့ စိတ်ပြေလွယ် တယ်.. ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ် ကြပြန် ရော....
ချစ်သူ အပေါ် အနိုင်ယူလိုတဲ့ စိတ် ရှိတယ်... ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့ သူမျိုး... အရမ်းလည်း ချစ်တတ်ကြတယ်.. အချစ်ကြီးပြီး အချစ် အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ.. ဒါ့ကြောင် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ်... ဦးဆောင်လိုစိတ် ပြင်းပျတယ်...
နေရာတကာ ဆရာကြီးလုပ်တဲ့ သူမျိုး မဟုတ်ပေမဲ့ ... ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိသူတွေပါ... မိသားစုကိုလည်း ချစ်တတ်ကြတယ်.. အပေါင်းအသင်း မက်တယ်.... ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ.. သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာ ခံတတ်တယ်...
ခံစားရတာ တွေကိုလည်း မျိုသိပ်ထား တတ်ကြတယ်.. ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုး တွေပါ... အထူးအခြားဆုံး အချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းတာပါပဲ...
မှန်ရင် share သွားနော်
Credit to original



Post a Comment