Header Ads

💜 ပါရမီ ဖြည့်ဖက်ကောင်းဆိုတာ 💚


ပါရမီ ဖြည့်ဖက်ကောင်း လို့ ဆိုလိုက် ကတည်းက ၂ဦး ၂ဖက်စလုံးက ကောင်းကို ကောင်းရမှာ မဖြစ်နိုင်ပါဘူး၊ လောကမှာ အဲ့သလို အကောင်းကြီးဘဲ စုနေတတ်မယ် ဆိုတာ မဖြစ်နိုင်တဲ့ အရာပါလို့ ပြောကြပါလိမ့်မယ် ။

ကျမပြောချင်တာ တူမျှရင် သေချာစွာ ဖြစ်နိုင်တယ် ဆိုတာ ယုံပါ။ အာရုံကို မိမိရဲ့ ပါရမီဖြည့်ဖက်ပေါ်သာ ဂရုတစိုက်သာ ရှိပါစေ ၊ မဖြစ်နိုင်စရာ အကြောင်းကို မရှိပါဖူး။ မဖြစ်နိုင်ကြဖူး ဆိုတဲ့ အတော်များများ စုံတွဲတွေမှာ မိမိ ကိုယ့်စီတာဝန်တွေကို မကျေလိုသာ ပြဿနာတွေနဲ့ နပမ်းသက်နေရတယ် ဆိုတာ အသေအချာပါဘဲ။

ခင်ပွန်းက ခင်ပွန်း တာဝန်ကို ကျေပွန်ပြီး မေတ္တာနဲ့ယှဉ် ဂရုဏာထားတတ်ပြီး ဇနီးက ဇနီးမယားဝတ္တရား ကျေပွန် နေရင် စိတ်ချ အဲ့ဒီ အိမ်ထောင်ရေး ပြဿနာဆိုတာ အသေးအမွှား လောက်သာ ရင်ဆိုင်ရမှာပါ။ ဒါကို တနည်း ပြောရရင် စစ်မှန်သော နားလည်မှုပါ……

တဦးဦးကတော့ ချွတ်ချော်နေရင် ဒါ ၂ဦးစလုံးအတွက် ပါရမီ ဖြည့်ဖက်ကောင်း မဟုတ်တော့ဖူး။ လူတယောက်ကတယောက်ကို လက်ထပ်လိုက်ပြီ ဆိုကတည်းက သူ့ရဲ့ကောင်းမွေ ကိုကျေနပ်နိုင်သလို ဆိုးမွေ ကိုလည်းလက်ခံ ပြုပြင်ပြောင်းလဲပေးနိုင်ရမယ်။

လက်ခံရုံနဲ့ မလုံလောက်သေးဖူး။ ကိုယ့်ကို လက်ခံပေးနိုင်တာ လောက်နဲ့ ပါရမီဖြည့်ဖက် အဆင့်မဟုတ်ဖူး။ ပြုပြင်ပြောင်းလဲ ကောင်းမွန်တဲ့ လမ်းကြောင်းဖက်ကို ဦးတည့် သိမ်းသွင်း ပေးတတ်ရလိမ့်မယ်။ ဒါမှ ပါရီဖြည့်ဖက်ကောင်း……

သူ့လုပ်သမျှ မှားမှားမှန်မှန် အရာအားလုံးကို လက်ခံပေးနိုင်ဖို့ထက် ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်အောင် တွဲကူ ထိန်းပေးနိုင်ပါမှ ပါရမီ ဖြည့်ဖက်ကောင်းပါ။

တချို့ရှိတတ်တယ်။ မိမိ ဇနီး/ ခင်ပွန်း တဦးဦးဖက်က မှားယွင်းနေတဲ့ လမ်းကြောင်းဖက် ဦးတည်နေမှန်း သိလျှက်နဲ့တောင် ပြုပြင်ဖို့အရေးထက် သူကပါ ခပ်ပါပါ အဲ့ဖက်ကို လိုက်ပါသွားတတ်တဲ့ အတွဲမျိုးတွေ။ အဲ့ဒါကျတော့ အသွင်တူလို့ အိမ်သူ ဖြစ်တာတဲ့ ဆင်ခြေပေးက လှတော့လည်း ဘာတတ်နိုင်မလဲပေါ့……

တကယ့် ကျမတို့ ခံယူထားတဲ့ အသွင်တူမှ အိမ်သူဖြစ်ဆိုတဲ့ စကားဆိုရိုးကို နားလည်ထားမိခြင်းက ကောင်းမွန်တဲ့ အသွင်ကိုတူပါ မကောင်းတဲ့ အသွင်တူတဲ့ အိမ်သူတော့ အဖြစ်မခံပါနဲ့……

၂ဦး ၂ဖက်များ ပါရမီဖြည့်ဖက်ကောင်းတွေ ပီသကြလျှင် တဦးတယောက် နောက်ကွယ်ရောက်နေရင်တောင် သူကြိုက်တာ ဆိုတာနဲ့ သူဖြစ်စေချင်တာ ဘယ်လိုဖြစ်သင့်တဲ့ အနေအထား ဘယ်ကဲ့သို့ ဆိုတာ အလိုလို တဖြည်းဖြည်း သိလာပါလိမ့်မယ်။

နားလည်မှုဆိုတာ အော်နေတာထက် ပိုပြီး အဓိပ္ပါယ်ပြည့်ဝပြီး ချစ်တယ် ဆိုတဲ့ စကားထက် အဆများစွာ သာလွန်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပါရမီဖြည့်ဖက်ကောင်း များသာ ဖြစ်ပါတယ်။

ဘဝတခုကို စတင် ထူထောင်ကတည်းက နားလည်မှု ကိုယ်စီနဲ့သာ မိမိတာဝန်အသိကို မလစ်ဟင်းဘဲ လျှောက်သောခရီး စိတ်ချင်းတွေ ထပ်တူကျနေကြတဲ့အခါ သာယာသော အနာဂတ်တိုင်းကို ပိုင်ဆိုင်ရမှာပါ။

ပါရမီ ဖြည့်ဖက်ကောင်းတွေ ဖြစ်ဖို့ဆိုတာ နှလုံးသားတွေ ထပ်တူကျနေရုံနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဖူး။ အသိတရားတွေ ၊ တာဝန်ဝတ္တရားတွေ  သဒ္ဒါနဲ့ သီလတွေပါ ထက်တူ ညီမျှနေမှသာ ဖက်ညီသော ပါရမီဖြည့်ဖက်ကောင်းတွေ ဖြစ်စေမှာပါ။

🤡✏✏✏ အစဉ်လေးစားလျှက်
#pïtÿ#(အတွေးအပိုင်းအစလေးများ)

No comments

Powered by Blogger.