မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပမှုက ညအတွက်ပဲ ကောင်းလိမ့်မယ်
စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရား
=================
မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် လှပမှုက ညအတွက်ပဲ ကောင်းပါလိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ စိတ်ထားလှတာက ဘဝ တစ်သက်တာလုံး လှနေမယ်။
မိန်းကလေး တစ်ယောက်ရဲ့ အရေပြားလှတာက မရိုးခင် အချိန်အထိပဲ စွဲမက်စရာ ကောင်းလိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ ကိုယ်ကျင့်တရား လုံခြုံမှုက တစ်သက်တာ စွဲမက်စရာ ကောင်းပါလိမ့်မယ်။
မိန်းကလေး တစ်ယောက်ရဲ့ ငွေကြေး ချမ်းသာမှုကို အရည်အချင်း မရှိတဲ့ ယောက်ျားတွေက မက်မောပါလိမ့်မယ်။ ကိုယ်ကျင့်တရား ကောင်းပြီး စိတ်ထားမြင့်မြတ်တဲ့ မိန်းမကို ယောက်ျားတိုင်းလိုလိုက ပိုင်ဆိုင်ချင် ကြပါလိမ့်မယ်။
မိန်းကလေး တစ်ယောက်ရဲ့ စစ်မှန်တဲ့ အလှတရားက အရေပြားတစ်ထောက်စာ အလှ မဟုတ်သလို ခန္ဓာကိုယ်အလှ မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားနဲ့ စိတ်ထား လှပမှုကသာ သူမတန်ဖိုးကို အတိုင်းအဆမရှိ မြင့်မားစေတယ်။
Credit to original

Post a Comment