ရုပ်ရှင်ကားတိုင်းနီးပါး ဖွေးဖွေးနဲ့ ဘာကြောင့်ရိုက်လဲဆိုတာ ရှင်းပြခဲ့တဲ့ ၀ိုင်း
ဒါရိုက်တာ ၀ိုင်းဟာ သူရိုက်ကူးတဲ့ ရုပ်ရှင်ကားတိုင်း လိုလိုကို အကယ်ဒမီ ဖွေးဖွေးနဲ့ ရိုက်ကူးလေ့ရှိပြီး သူရိုက်တဲ့ ဇာတ်ကားဖြင့်လည်း ဖွေးဖွေးက အကယ်ဒမီဆုရှင် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ပရိတ်သတ်အများက ဇာတ်ကားတိုင်းလိုလို ဖွေးဖွေးနဲ့သာ ရိုက်ကူးနေတာကြောင့် ကောလဟာလတွေ ပြောဆိုဝေဖန်မှုတွေ ရှိလာပါတယ်။
ဒါရိုက်တာဝိုင်းက သူဟာ ဇာတ်ရုပ်အတွက် သရုပ်ဆောင် ရွေးတဲ့နေရာမှာ ဇာတ်ရုပ်ကို အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး ဒါရိုက်တာ စကားနားထောင်ကာ လုပ်ဆောင်ပေးနိုင်သူ ဖြစ်ရမယ်။ ရှူတင်တွေမများဘဲ ဇာတ်ရုပ် တစ်ရုပ်ကို စိတ်ပါဝင်စားစွာ သရုပ်ဆောင်နိုင်ပြီး အာရုံစိုက်မှု မများဘဲ အကောင်းဆုံး ရုပ်လုံးပေါ်အောင် လုပ်ဆောင်နိုင်မယ့် အနုပညာရှင် မျိုးနဲ့သာ လက်တွဲ အလုပ်လုပ်ချင်ပါတယ်။
နောက်ပိုင်းကိုလဲ သူ့ရဲ့ ရုပ်ရှင်တွေအတွက် သရုပ်ဆောင်ရွေးရင် အဲ့လိုဘဲ ရွေးချယ်သွားမယ်လို့ သိရပါတယ်။ ခုရိုက်ကူးနေတဲ့ သမ္မတကြီးထံပေးစာ ဇာတ်ကားကို ဖွေးဖွေး၊ အလင်းရောင်တို့နဲ့အတူ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်မှာဖြစ်ပြီး ဒါရိုက်တာဝိုင်းက သူ့ဘ၀မှာ ရက်အရှည်ဆုံးနဲ့ အပင်ပန်းဆုံး ရုပ်ရှင်တစ်ကား ဖြစ်နေမှာတော့ သေချာသွားပါပြီလို့ သူ့ရဲ့ဖေ့ဘုတ်မှာ ရိုက်ကူးရေး ပုံရိပ်တွေနဲ့အတူ ရေးသား ဖော်ပြထားပါတယ်။
Source : KKK ( momolay.com )








Post a Comment