Header Ads

ဒီနေ့မှာကျရောက်တဲ့ ချစ်စရာအသံပိုင်ရှင် အိမ့်ချစ်ရဲ့မွေးနေ့


ဒီ​နေ့ မတ်​လ (၃၁) ရက်​​နေ့က​တော့ ချစ်စရာ အသံပိုင်ရှင် အဆို​တော်​မလေး အိမ့်​ချစ်​ရဲ့ အသက်​ (၂၇)နှစ်​ပြည့် ​မွေး​နေ့ဖြစ်​တယ် ​လို့ သိရပါတယ်​။ အိမ့်ချစ်က ဘာသာမတူတဲ့ မိဘနှစ်ပါးက မွေးဖွားလာခဲ့ပေမယ့် ငယ်ငယ်တည်းက မိဘနှစ်ပါးလုံးက လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပေးထားခဲ့တယ်လို့ သိရှိရပါတယ်။



အိမ့်ချစ်ရဲ့ ဖခင် ဦးချစ်ကောင်းက ဘာသာခြား တစ်ယောက် ဖြစ်ပြီး မိခင်ကတော့ ဗုဒ္ဓဘာသာပဲ ဖြစ်ပါတယ်။ အိမ့်ချစ် ကတော့ သူမ ယုံကြည်ရာ ဗုဒ္ဓဘာသာကို နက်ရှိုင်းရှိုင်း ကိုးကွယ်သူ ဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူလည်း ဖြစ်ပါတယ်။ သူမက အဖေ ဖြစ်သူ ဦးချစ်ကောင်း ခြေရာအတိုင်း အဆိုလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။



အိမ့်ချစ်ကတော့ ဒီကနေ့ (၃၁) ရက်မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာတော့ ခင်ပွန်းကြီး (၁၀) ပါး အားကန်တော့ပြီး ဓာတ်ကြီး လေးပါးဆွမ်း ကပ်လှူ ပြီး ရွှေတိဂုံ ဘုရားသွား ၊ ငါး ၊ခိုလေး တွေကို အစာကျွေးရင်း ကုသိုလ်ကောင်းမှု တွေကို ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒါအပြင် အိမ့်ချစ်က မိဘအပေါ် လိမ္မာ သိတတ်တဲ့ သမီးကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။




မွေးနေ့မတိုင်ခင်ရက်မှာလည်း မွေးနေ့အတွက် မိဘမဲ့ဂေဟာက ချိုတဲ့ကလေးတွေကို Water Boom ပို့ပေးခဲ့တယ်လို့သိရပါတယ်။အိမ့်​ချစ်​အတွက်​ ချစ်ပရိတ်​သတ်​ကြီးက ​မွေး​နေ့ ဆု​တောင်းစကား​တွေ မန့်​ခဲ့အုံး​နော်​။




source : Eint Chit

No comments

Powered by Blogger.