စန္ဒီမြင့်လွင်ရဲ့မင်္ဂလာဆောင်မှာ အပီကဲခဲ့တဲ့ ခိုင်သင်းကြည် (ရုပ်သံ)
အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာဆောင် ညမှာ အပြတ်ကဲခဲ့တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ဗွီဒီယိုဖိုင် လေးတစ်ခုကတော့ ဖေ့စ်ဘွက် လူမှုကွန်ယက်ပေါ် ရောက်လာခဲ့ပါတယ်။ စိတ်လွတ်လက်လွတ် ပျော်နေတဲ့ ခိုင်သင်းကြည်တစ်ယောက် ဆက်တိုက်ပဲ ကနေခဲ့တာဖြစ်ပြီး ဒီ ဗွီဒီယိုဖိုင်ကို လူစိတ်ဝင်စားမှုလည်း များခဲ့ပါတယ်။ ပီးခဲ့တဲ့ မတ်လ ၁၂ ရက် ညက အဆိုတော် စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲကို အနုပညာရှင်များစွာ တက်ရောက် အးပေးခဲ့ကြပါတယ်။
ပါတီပွဲမှာ အနုပညာရှင်အများအပြား အပျော်နဲ့ ကခဲ့ကြပြီး ဒီအထဲမှာမှာ ခိုင်သင်းကြည်တစ်ယောက်ကတော့ ထိန်းမရအောင်ကို ပျော်နေတာ တွေ့ရပါတယ်။ ဘေးနားမှာတော့ သူ့ရဲ့ သမီးလေးလည်းရှိနေပြီး ခိုင်သင်းကြည်ကို ဦးတည် ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်တိုလေး တစ်ခုက ဖေ့စ်ဘွက်မှာ ပြန့်လာခဲ့တာ ဖြစ်ပါတယ်။
အပေါ်က ရင်နည်းနည်း ဖော်ထားပြီး အောက်က ပေါင်လည်လောက်ရှိတဲ့ အနီရောင်ဖျော့ ဂါဝန်တိုလေးဝတ်ထားတဲ့ ခိုင်သင်းကြည်က ဘေးမှာ ခင်ဝင့်ဝါက လက်တွေကာထားတဲ့ ကြားက အားရပါးရ ကနေခဲ့တာပဲ ဖြစ်ပါတယ်။ သတို့သမီးဖြစ်သူ စန္ဒီမြင့်လွင်ကလည်း ဘေးကနေ လက်ခုပ်တီးပြီး အားပေးနေတာကို တွေ့ရပါ့တယ်...
ဗီဒီယိုကြည့်ရန်...
from@roado f cele





Post a Comment