BF ဆိုတာ..
ကောင်လေး တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ်....
"ငါ့က နင့်ရဲ့ BF ပါတဲ့"
ကောင်လေးရဲ့အပြောကို နားမလည်တဲ့ ကောင်မလေးက အပြစ်ကင်းတဲ့ မျက်နှာနဲ့ မေးတယ်။
" BFဆိုတာ ဘာလဲ."
ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့
" BF ဆိုတာ best friend ပါ " လို့ ပြောတယ်...
အဲဒီနောက် အရွယ်ရောက်လာကြတဲ့ ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေ ဖြစ်သွားကြတယ်
အဲဒီမှာ ကောင်လေးက ကောင်မလေးကို ထပ်ပြောတယ်
"ငါက နင့်ရဲ့ BF ပါတဲ့"
ကောင်မလေးက မခို့တရို့နဲ့ မေးတယ်
' BF ဆိုတာ ဘာလဲ '
ကောင်လေးက ကောင်မလေးရဲ့ မေးစေ့ကို ကြင်ကြင်နာနာ ကိုင်ပြီး ဖြေတယ်
" BFဆိုတာ boy friend ပါတဲ့ "
အဲဒီနောက် နှစ်အတန်ငယ်အကြာမှာ သူတို့လက်ထပ်ကြတယ် ချစ်စရာကလေးလေး မွေးခဲ့တယ်
အဲဒီမှာ ယောကျာင်္းဖြစ်သူက ဇနီးကို ပြုံးပြုံးလေးပြောပြန်တယ်
' ငါက နင့်ရဲ့ BF ပါတဲ '
ဇနီးက ပန်းကန်တွေ သိမ်းနေရာက ကြင်ကြင်နာနာနဲ့ ပြန်မေးတယ်....
'BF ဆိုတာ ဘာလဲ '
ယောကျာင်္းက ကလေးမျက်နှာကို ကြည့်ပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ပြောတယ်....
"BF ဆိုတာ baby's father ပါတဲ '
အဲဒီနောက် သူတို့ တဖြည်းဖြည်း အိုမင်းခဲ့ကြတယ်.. ဇနီးမောင်နှံနှစ်ဦး အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ပြီး ညနေဆည်းဆာ အလှကို ရှုစားနေခဲ့တယ်...
အဲဒီမှာ အဘိုးအိုက အဘွားအိုကို
' အဘွားကြီး.. အဘွားကြီး ' ငါ့က နင့်ရဲ့ BF ပါ လိုပြောပြန်တယ်'
မျက်နှာတစ်ခုလုံးပေါ် အရစ်အကြောင်းတွေ ပေါ်တဲ့အထိ အဘွားအိုက ပြုံးပြီး ပြန်မေးတယ်...
"BF ဆိုတာ ဘာလဲ အဘိုးကြီးရယ်"
အဘိုးအိုက ကောင်းကင်ထက်က ညနေဆည်းဆာ အလှကို မော့ကြည့်ပြီး အိုမင်းရင့်ရော်တဲ့ အသံနဲ့ ပြန်ဖြေတယ်...
" BF ဆိုတာ Be forever ပါ အဘွားကြီးရယ်...... တဲ့ "
(MSC) ka nyin tay za

Post a Comment