ဒီတစ်သက် အပျိုကြီးပဲ လုပ်တော့မယ်ဆိုတဲ့ န၀ရတ်
လူဆိုတာ မွေးလာကတည်းက တစ်ယောက်တည်း ပြန်သွားရင်လည်း တစ်ယောက်တည်း ပြန်သွားရမှာမို့ သူမကတော့ သံယောဇဉ် သိပ်မထားဘူးလို့ MC နဲ့ အင်တာဗျူးမှာ ဖြေလိုက်ပါတယ်။အမြဲတမ်း သွက်သွက်လက်လက်နဲ့ အနုပညာ အလုပ်တွေကို အဆက်မပြတ် လုပ်လာခဲ့တဲ့ နဝရတ်ဟာ ယခု လက်ရှိမှာတော့ အနုပညာလောကနဲ့ အလှမ်း ဝေးကွာနေတယ် လို့ ဆိုရမှာပါ။
ခရီးတွေသွားရင်း သူမ ချစ်တဲ့ ခွေးလေးတွေနဲ့ အဖော်လုပ်ရင်း ဘဝကို လုံးဝ အေးအေးဆေးဆေး ဖြတ်သန်းနေတာပါ။ သူမရဲ့ အချစ်ရေး နဲ့ ပတ်သက်လို့တော့ “ အချစ်ဆိုတာ အမြဲတမ်း သစ်နေတာပါပဲ” လို့ ဆိုပါတယ်။ အချိန်ကြာကြာ လက်တွဲနိုင်ဖို့ ဆိုရင်တော့ နားလည်မှုက အရေးကြီးပါတယ် တဲ့။
ပတ်ဝန်းကျင်က အဆင်မပြေကြတဲ့ အိမ်ထောင်ရေးတွေကို ကြည့်ရင်း ကြောက်လို့ နဝရတ်ကတော့ အိမ်ထောင် မပြုတော့ပါဘူး လို့ ဆိုပါတယ်။ အောင်မြင်တဲ့ ရုပ်ရှင်ကားပေါင်း များစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပီး အားလုံးရဲ့ အချစ်ကို ရရှိခဲ့တဲ့ နဝရတ်ကို အခုထိ သတိရနေကြတဲ့သူတွေ ရှိနေဦးမယ် ထင်ပါတယ်။ သူမရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး အပေါ် အမြင်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
FROM: CANTWAIT2SAY










Post a Comment