Header Ads
အဆင့်အတန်းရှိတဲ့မိန်းမဆိုတာ...
အဆင့်တန်းရှိတဲ့ မိန်းမဆိုတာ ( ညီမငယ်လေးများသို့ )
_____________________________
မိန်းမတစ်ယောက် ကိုယ်ကောင်းစားဖို့ တစ်ခုအတွက် အရှက်သိက္ခာကို စွန့် ရဲတယ်ဆိုတာ နည်းတဲ့ သတ္တိတော့ မဟုတ်ဘူး  ဘာလို့ လည်းဆိုရင် မိန်းကလေးဆိုတာ ဟီရိသြတ္တပ တရားနဲ့  အညီ နေထိုင်ရမဲ့ လူသားမျိုးနွယ်စု ဖြစ်နေပါရဲ့ ကိုယ့်တန်ဖိုးကို အောက်ဆုံးထိဆွဲချရဲကြလို့ ပဲ ။
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဟာ ရွှေငွေထက်တန်ဖိုး ရှိသလို တန်ဖိုးဖြတ်လို့ မရတဲ့ ရတနာတစ်ပါးပါ ။ မူလတန်ဖိုးကို မြင့်ယူဖို့  ပေးဆပ်မှုတွေရှိပေမဲ့ တန်ဖိုးတွေ ကျဆင်းဖို့ ကတော့ ခြေတစ်လှမ်းအမှားစတာနဲ့  အားလုံး ပြီးဆုံးသွားလိမ့်မယ် ။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ မိန်းကလေးတွေအတွက် အရှက်ဆိုတာမရှိသလို  အကြောက်တရားလည်းမသိကြ တဲ့သူတွေပါ ။ ဒီလိုမိန်းမအများစုကတော့ ခြေကြောမတင်း လက်ကြော မတင်း ရိုးသားစွာ လုပ်ကိုင်မစားချင်တဲ့ မိန်းမတွေရယ် အောင်မြင်မှုဂုဏ်အရှိန်ကို မက်မောသူ အများစုတွေပဲ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်တွေကို လက်ခံလေ့ရှိကြတယ်။ လုပ်ယူလေ့ရှိကြတယ်လေ ။
ဘာလုပ်မှာလည်း သူများမိသားစု ဘဝကို ဖျက်စီး သူများမျက်ရည်ပေါက် ကြီးငယ်ကျမှ စားရမဲ့ ထမင်း ဝတ်ရမဲ့ အဝတ်အစား စီးရမဲ့ကား နေရမဲ့တိုက် ငရဲခန်းထဲ ရောက်နေတာနဲ့ အတူတူပဲ ။ အချောင်နေအချောင်စား စိတ်ဓါတ်နဲ့  မိန်းကတွေဆိုတာ သူတို့ ဘဝကို သူတို့ စိတ်ကမပိုင်တော့သလို ရှင်နေရက်နဲ့  ငရဲကျခံနေရသူတွေနဲ့  မခြားပါဘူး ။
မိန်းမကောင်းတွေဆိုတာ ဒီလိုယုတ်ညံ့တဲ့  အလုပ်ကို ဘယ်သောအခါမှ မလုပ်ကြဘူး ။ ခြေလက်နှစ်ဖက်နဲ့  ကိုယ့်အားကိုယ်ကိုးမှ တန်ကျေးရှိတယ် လို့ အမြဲခံယူထားတယ် ။ လူပုံအလယ်မှာလည်း  ဘာဝတ်ဝတ် ဘာစားစား ခေါင်းကိုမော့ပြီး လူကြားထဲသွားရဲတယ် ။ ဘာစကားပြောပြော လူတွေလက်ခံကြတယ် ။ ကြည့်လိုက်စမ်း  ရိုးသားမှု့ ရဲ့ အရသာတွေ ဘယ်လောက် အားကျဖို့   ကောင်းလည်း ။
ဒါတွေဟာ ဘာကြောင့်ကွာခြားသွား တာလည်း အရှင်းလေးပါ။ လောကကြီးကပေးတဲ့ ချက်ခြင်းလက်ငင်း တန်ပြန်သက်ရောက်မှုပဲ  ဖြစ်ပါတယ် ။ သေသွားရင်တောင် နောက်ဘယ်နှစ်ဘဝအထိ  ဝဋ်ကြွေးတွေ ဆပ်ရမှာလည်း  မတွေးရဲစရာပါ ။
ကိုယ့်တန်ဖိုးကိုယ် ထိန်းတဲ့မိန်းမတွေဟာ  မိဘ ' မောင်နှမနဲ့  ဆွေမျိုး အသိုင်းဝိုင်းဂုဏ် ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမဲ့ အပြုအမူကို ဘယ်သောအခါမှ မလုပ်သလို  မိမိအရှက် သိက္ခာကို အသက်ထက် တန်ဖိုးထားကြပါတယ် ။
လောကကြီးမှာ ပြောပြောနေတဲ့ အဆင့်အတန်း ဆိုတာ ရွှေငွေစညိးစိမ် ကြွယ်ဝပြီး ကောင်းကောင်းနေ ကောင်းကောင်းစားနိုင်တာ ကို အဆင့်အတန်းလို့  အယူမလွဲပါစေနဲ့   အဆင့်အတန်းဆိုတာ မိမိ ရဲ့  မပြုအမှုအနေအထိုင်နဲ့  မိမိသိက္ခာတရား နဲ့  တန်ဖိုးဖြတ်ကြတာပါ  ။
ဒါကြောင့် ညီမလေးရေ အဆင့်တန်းရှိတဲ့ မိန်းမဆိုတာက ________________ သူများယောက်ျား ထည်လဲတွဲပြီး  ပစ္စည်းကောင်းကောင်းသုံး နေတာထက် ကိုယ့်ခြေကိုယ့်လက် ကိုယ့်ခွန်အားနဲ့  ရှာတဲ့ အညံ့စား ပစ္စည်းကိုသုံးနိုင်သူကို ဆိုတာပါ ။ သူများမိသားစု ဘဝကို ဖျက်စီးပြီး တိုက်ကြီးပေါ်နေတာထက် ကိုယ့်မိဘရဲ့ တဲကုတ်မှာ ရိုးသာစွာနဲ့  သိက္ခာရှိရှိ နေနိုင်သူတွေကိုပြောတာ။
ကလပ်တကာ တက်ပြီး ပျော်ပါးနေတဲ့ မိန်းမတွေထက် ဘုရားကျောင်းကန် မှန်မှန်တက်ပြီး မိဘကို ရိုသေကိုင်းရှိုင်း ကိုယ့်မှာရှိတဲ့ မုန့် ဖိုးလေးနဲ့  စာအုပ်ဝယ် / ငှားဖတ်နိုင်သူ တွေကိုပြောတာ ။ လူတကာကို မိမိအလှပြ မြူဆွယ် ပတ်ချွဲနှပ်ချွဲလုပ် အဝတ်အစားကောင်းဝတ်ပြီး ကားအကောင်းစား စီးတာထက် မိမိကိုယ်ပိုင် အစွမ်းစနဲ့   စက်ဘီးစုတ် စီးနိုင်သူတွေကိုပြောတာ။
အိမ်ထောင်ရှိယောက်ျား ' သူများရည်းစားတွေကို အရှက်ကြောက်မရှိ သာယာရှာ စနှိုက်ကြော်လုပ်နေတဲ့ သူတွေထက် မိမိချစ်သူ ' ခင်ပွန်းအပေါ် ကောင်းကောင်းဆိုးဆိုး သစ္စာရှိစွာ ချစ်ခင်ဖေးမတတ်သူ တွေကိုပြောတာပါ ။
ပိုက်ဆံချမ်းသာသလောက် မောက်မာပြီး လူတကာအပေါ် အထက်စီးကဆက်ဆံ ကြွားဝါတတ်တဲ့ မိန်းမတွေထက် ကိုယ်မှာရှိတာလေးနဲ့  ကိုယ့်ပတ်ဝန်းကျင်ကို ဖေးမနိုင်သူ စာနာစိတ်နဲ့ လူတကာအပေါ် ဆက်ဆံတတ်သူတွေကိုပြောတာပါ ။
ကိုယ့်ဘဝအောင်မြင်မှုအတွက်ဆို ကိုယ်ခန္ဓာရင်းနှီး ပြီး သူများမျက်ခုံးမွှေးပေါ် လျှောက်ပြီး ဓါးသွားပေါ်က ပျားရည်စက် ခိုကပ်သောက်  အောင်မြင်နေတဲ့သူတွေထက် ကိုယ်ပိုင်အစွမ်းအစ  ကိုယ်တတ်တဲ့ပညာ နဲ့  ရိုးသားစွာ ရပ်တည်နေတဲ့ မိန်းမတွေကသာ အဆင့်တန်းရှိတာပါ ။
မိန်းကလေးတွေအနေနဲ့  အဆင့်အတန်းဆိုတာကို အယူလွဲ လမ်းမှားမလျှောက်မိအောင် ထိန်းသိမ်းဖို့ က အရေးကြီးဆုံးပါ ညီမလေး ။ လူတိုင်းဟာ အတိတ်ကံမတူသလို ဘဝရပ်တည် ရှင်သန်မှုလည်း ကွာခြားကြပါတယ် ။ အဓိက ' ကစိတ်ဓါတ်  ကိုယ့်စိတ်ကို နိုင်အောင်ထိန်းမယ် မှန်ရာလုပ်မယ် ' မိန်းကလေး တန်ဖိုးကို ထိန်းသိမ်းပီး ရိုးသားစွာရပ်တည်မယ် လူတိုင်းအပေါ်စာနာစိတ်နဲ့  ဖြူဖြူစင်စင် ဆက်ဆံတတ်တယ် ဆိုရင် တဲကုပ်မှာနေပြီး ငပိဖုတ်နဲ့ စားနေလည်း  မင်းဟာ တန်ဖိုးဖြတ်မရတဲ့ အဆင့်တန်းရှိတဲ့ မိန်းကလေးပဲပေါ့ ။
credit to may noe
No comments
Powered by Blogger.