တစ်စုံတစ်ယောက်ကို အရမ်းလွမ်းလာတဲ့အခါ ဘာလုပ်သင့်လဲ
တစ်ယောက်ယောက်ကို ထိန်းမရအောင် လွမ်းလာတဲ့အခါ ဘာလုပ်ရမလဲ💕💕
❎ လူတွေနဲ့ ထိတွေ့ ဆက်ဆံနေပါ
တစ်ယောက်တည်း နေတဲ့အခါ အလွမ်း ထုထည်ဟာ တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးမှာ ကိုယ့်ကို ဝါးမြိုသွားနိုင် လောက်တဲ့အထိကို ဆိုးဝါး လာပါလိမ့်မယ်။ ကိုယ့်ကို အဲ့ဒီ အလွမ်းတိမ်တိုက် တွေအောက်က ဆွဲထုတ်ပေးနိုင်မယ့် အရာကတော့ စိတ်အာရုံ ပြောင်းလဲခြင်းပါပဲ။ ခန္ဒာကိုယ်ကို အနားမပေးပဲ အလုပ်လုပ်နေပါ ၊ သူငယ်ချင်းတွေနဲ့ အပြင်သွားပါ ၊ သူစိမ်းတွေနဲ့ စကားစမြည် ပြောဆိုကြည့်ပါ။ အမှန်တကယ် စိတ်သက်သာရာ ရလာတာကို တွေ့ရမှာပါ။
❎ ဦးနှောက်ကို အလုပ်ပေးပါ
အနုပညာခံစားမှုတွေ ပြုလုပ်ပါ ၊ ရုပ်ရှင်ကြည့်ပါ ၊ သီချင်းတွေ အော်ဆိုပါ ၊ Game တွေ ကစားပါ ။ သီချင်းတွေ နားထောင်တဲ့အခါမှာလည်း ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုပေးနိုင်တဲ့ တိုက်ဆိုင်တဲ့ သီချင်းတွေကိုပဲ ရွေးပြီးနားထောင်ပါ ။ အလွမ်းတွေကို ဖွင့်ထုတ်ပစ်လိုက်ပါ ၊ အတွင်းမှာ ကျိတ်မှိတ် မျိုသိပ်ပြိး တစ်ဦးတည်း ခံစားနေရတာထက် ဖွင့်ထုတ်လိုက်တဲ့ ခံစားချက်တွေက လူကိုအနည်းငယ် ပေါ့ပါးသက်သာလာစေမှာပါ။
❎ စာတွေရေးပါ
လက်နဲ့ချရေးတာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ email ပြန်ပို့တာပဲဖြစ်ဖြစ် ခံစားချက်တွေကို တစ်ယောက်ယောက်ကို ပြောပြနေသည့်အလား စကားလုံးတွေ အားလုံး သွန်ချလိုက်ပါ။ မျက်ရည်တွေလည်း ထွက်မိရင် ထွက်မှာပေါ့။ ဒီနေရာမှာ တစ်ခုရှိတာက ကိုယ်လွမ်းဆွတ်နေသူဟာ ကိုယ့်ဆီပြန်လာနိုင်တဲ့ အခွင့်အရေးရှိသူဆိုရင်တော့ သူ့ဆီကို ကိုယ့်ခံစားချက်တွေ ထုတ်ဖော်ပို့သလိုက်တာ အဆင်ပြေပါတယ်။ တကယ်လို့ ဒီလိုမဟုတ်ပဲ ကိုယ်လွမ်းဆွတ်နေသူဟာ ကိုယ့်ဆီကို ဘယ်တော့မှ ပြန်မလာနိုင်သူ ဆိုရင်တော့ ခုနကပြောသလို ကိုယ်တစ်ယောက်တည်း ဖတ်လို့ရမယ့် နေရာလေးမှာ လွမ်းဆွတ်ကြောင်းတွေ ပြောပြနေလိုက်ပါ။
❎ မူးယစ်စေတဲ့အရာတွေကို မလုပ်မိပါစေနဲ့
အဲ့ဒီအရာတွေဟာ စိတ်ခံစားချက်ကို ပိုမို အရှိန်ပြင်းထန် လာစေတတ်တာမို့ သင့်အနေနဲ့ လုံးဝမလုပ်ဖို့ သတိပေးချင်ပါတယ်။ တစ်ခါတစ်လေကျ စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်လိုက်မယ် ၊ မူးပြီးရင် အားလုံးမေ့ပစ်လိုက်မယ် ပြီး လုပ်ခဲ့ပေမယ့် တကယ်တမ်းမှာကျ အဲ့ဒီအချိန်တွေမှာ ပိုပြီး နာကျင်တတ်ရပါတယ်။
ဒီစာဖတ်နေချိန်မှာ တစ်ယောက်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် လွမ်းနေတယ်ဆိုရင် Like / Share လေးလုပ်သွားဦးနော်...
Credit to upupmm
Post a Comment