စိတ်လွတ်လက်လွတ်ကဲနေတဲ့ ဖွေးစိန်
ပရိသတ် အချစ်တော် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ဖွေးဖွေး (ဖွေးစိန်) ကတော့ မတ်လ (၂၄) ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ Youk Shi လို့ အမည်ရတဲ့ ဂီတဖျော်ဖြေပွဲလေး တစ်ခုမှာ အပီအပြင် ပျော်နေတာကို တွေ့ရပါတယ်။
ဒီဂီတ ဖော်ျဖြေပွဲလေးကို မြန်မာပလာဇာရှိ Hard Rock Cafe မှာ ပြုလုပ်ခဲ့ပြီး Idiots အဖွဲ့သားတွေနဲ့ Eternal Gosh အဖွဲ့ရယ် တေးသံရှင် ထွန်းနောင်ဆင့် တို့က ပါဝင်ဖျော်ဖြေ ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါအပြင် ဒီဖျော်ဖြေပွဲလေးကို ဖွေးစိန်လေးကလည်း လာရောက်ခဲ့ပြီး စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ပါးပါး သီချင်းတွေဆိုရင်း အားပေးနေခဲ့တာကိုလည်း တွေ့ရပါတယ်။
သူမကတော့ ဆယ်ကျော်သက် တစ်ယောက်လိုပဲ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့ ပျော်နေခဲ့ပါတယ်။ ဖွေးစိန်ရဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်နေတဲ့ ပုံရိပ်လေးကတော့ အရမ်းကို ရှားလို့ ပရိသတ်ကြီးတွေအတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်။
source : vilane photography











Post a Comment