အရမ်း အထာကျတဲ့အခါ Single ဖြစ်သွားတတ်တယ်
ကျွန်တော်တို့ ဘေးနားက အရမ်း အထာကျတဲ့ အချို့ ကောင်မလေးတွေဟာ Single အဖြစ်နဲ့ပဲ ဘ၀ကို တစ်ယောက်တည်း ဖြတ်သန်း နေကြတာ ထူးဆန်းစွာ တွေ့ရှိရ ပါတယ် ။ ကျွန်တော်တို့ ထင်ထားတာ ကတော့ အရမ်း စမတ်ကျတဲ့ ခပ်လန်းလန်း ကောင်မလေး တွေမှာ ချစ်သူ တစ်ယောက် မဟုတ် တစ်ယောက်တော့ ရှိနေမှာပဲ လို့ ယူဆခဲ့ကြ တာပါ ။ ဒါပေမယ့်လည်း အရမ်း အထာကျလွန်းတဲ့ အခါလည်း Single ဖြစ်သွားတတ်တယ် ဆိုတာကို အချို့ အချက်လေး တွေနဲ့ ဖော်ပြလိုက် ပါတယ်နော် ။
🔵 လက်ရှိမှာ Boyfriend ရှိနေတယ် လို့ ထင်တတ်ကြလို့ပါ
ယောင်္ကျားလေးတွေဟာ အဲ့ဒီ ကောင်မလေးတွေ အနားကို ချဉ်းကပ်ဖို့ စတင် စဉ်းစားကြတဲ့ အခါ သူတို့မှာလက်ရှိ ချစ်သူ ရှိနေမှာပဲလို့ 80 ရာခိုင်နှုန်း လောက် ကြိုတင် တွက်ဆ ထားတတ်ကြ ပါတယ် ။
🔵 ချစ်ခွင့်ပန်ဖို့ မ၀ံ့ရဲလို့ပါ
ကောင်လေးတွေဟာ အဲ့လို ကောင်မလေးမျိုးကို သဘောကျ နေခဲ့ရင်တောင် ဖွင့်ပြောဖို့ အတွက် မ၀ံ့မရဲ ဖြစ်ပြီး တပ်ခေါက် ပြန်သွားတတ်ကြ ပါတယ် ။
🔵 ချစ်သူထားဖို့ကိုတောင် မေ့လျော့နေကြ လို့ပါ
သူမရဲ့ အိမ်မက်တွေ ၊ ရည်မှန်းချက်တွေ နဲ့ အခြား ၀ါသနာပါရာ စိတ်ဝင်စားစရာ ကိစ္စရပ်တွေမှာ အချိန်ပေးနေရတာနဲ့ Single ဘ၀ကို ရောက်မှန်းမသိ ရောက်ရှိနေကြ တာပါ ။
🔵 ရတာမလို လိုတာမရ
အနားမှာ ၀ိုင်းဝိုင်းလည် နေအောင် ချစ်ခင်သူတွေ ပေါများနေ ပေမယ့်လည်း ကိုယ်နှစ်သက်တဲ့ ကောင်လေးကတော့ ကိုယ့်အပေါ်ကို အကြောင်းကြောင်း ကြောင့် သတိ မထားမိပဲ လျစ်လျှူရှု မှုတွေ ရှိနေလို့ပါ ။
🔵 ချစ်သူမထားပဲ လွတ်လွတ် လပ်လပ် ပျော်ချင်လို့
ကိုယ်တိုင်က အရမ်း အထာကျပြီး စမတ် ဖြစ်နေပေမယ့် လည်း ချစ်သူ ရသွားတဲ့အခါ ခံစား ရမယ့် စိတ်ဖိစီးမှုတွေနဲ့ အချို့ ချုပ်ချယ် ကန့်သတ်မှု တွေကို မလိုချင်လို့ အားလုံးကို ပျော်ပျော်ကြီး ခေါင်းခါပစ် နေတာပါ ။
. . .
ဘော်ဒါတွေထဲက အရမ်း အထာကျတဲ့ လေဒီတွေလည်း single ဖြစ်နေတာ ဒီအချက်တွေ ထဲက တစ်ခု မဟုတ် တစ်ခုကြောင့်ပဲ ဖြစ်မှာ ။ မှန်မှန်ဖြေနော် မလိမ်နဲ့ ။
ကိုယ့်သူငယ်ချင်းတွေ ထဲမှာ အဲ့လို လေဒီတွေ ရှိနေရင်လည်း mention ခေါ်ပြီး share ပေးလိုက်အုံး ။
Credit to upupmm

Post a Comment