V-Day မှာ ချစ်သူကို တန်ဖိုးရှိတဲ့ လက်ဆောင်ပေးခဲ့တဲ့ အောင်ရဲလင်း
ပရိသတ် အချစ်တော် ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းကလည်း ချစ်သူတိုင်းပျော်တဲ့ Valentine day မှာ သူရဲ့ တစ်ဦးတည်းသော ချစ်ရသူနဲ့ အတူ ကြည်နူးစရာ အချိန်တွေကို ဖြတ်သန်း ခဲ့ပါတယ်။
အောင်ရဲလင်းရဲ့ ချစ်သူကို ပရိသတ်တွေလည်း မကြာသေးခင်ကမှ သိထားခဲ့ကြပြီး သူတို့နှစ်ဦးကတော့ သူတို့ ချစ်သူတွေ ဖြစ်ကြောင်း ပရိသတ်တွေကို ဆက်လက်ပြီး လျှိုဝှက်ထားဆဲပါ။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာတော့ အောင်ရဲလင်းရဲ့ ချစ်သူ ကောင်မလေးဟာ သူတို့နှစ်ဦး အတူတူ ဗယ်လင်တိုင်း ကျင်းပခဲ့တဲ့ ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။
ပုံရဲ့ အောက်မှာ “ဘာတွေပဲဖြစ်ဖြစ် အနားမှာ ရှိနေပေးလို့ အရမ်းချစ်ပေးလို့ အရမ်း နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်” လို့လည်း ရေးထားပါသေးတယ်။ ဒါ့အပြင် “သူပို့ပေးတဲ့ Valentine Present” ဆိုပြီးတော့လည်း ပုံလေးတစ်ပုံ တင်ထားပါတယ်။
အောင်ရဲလင်းကတော့ ပကာသန ဆန်တဲ့ လက်ဆောင်တွေထက် သူ့ရဲ့ ချစ်သူကို တန်ဖိုးရှိတဲ့ ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
Source: Chuu Myat Chal








Post a Comment