Header Ads

ပြန်လာချင်တယ်ပြောတဲ့ Ex အပေါ် Cele တွေရဲ့ တုန့်ပြန်ချက်


"ရဲရင့်အောင်" ။    ။

( မယ်လမု ဘုရားက သောကြာထောင့်မှာ ကိုးနဝင်း မိုးလင်းတဲ့ အထိ ဝင်ရင်း ဆုတောင်းလေ.. ပူဖောင်းတော့ ရချင်ရမယ် ငါ့အချစ်နင် ပြန်မရဘူး။ )


"သုသု" [မိတ်ကပ်] ။    ။

( ပါးချည်း Double ဆင့်ရိုက်လိုက်လို့ ညာဘက်သွားတွေက ဘူးသီးတောင်... ဘယ်ဘက်သွားတွေက လောက်ကိုင်... လေ့လာရေး ခရီးတွေ ထွက်ကုန်မယ် ဘာမှတ်။ Ex ဆိုတာ City mart က ဝယ်လာတဲ့ ကြွပ်ကြွပ်အိတ် အမဲလေးထဲက ဟာလိုပဲ... တစ်ခါသုံးဖို့ အတွက်ပဲ ထိုက်တန်တာမျိုး။ )

" ရွှေမှုန်ရတီ" ။    ။

( အနားမှာ မနေချင်လို့ ထွက်သွားလည်း I Don't care... ပြန်လာမယ်ပြောပြီး ဒူးထောက်ပြနေလည်း I Don't Care... Ex ဆိုတာ ကျမ ဆင်းကူးနေကျ ကန်ထဲကရေလိုပဲ... မသန့်လို့ ပိုးသတ်ဆေး အမြဲထည့် Clean လုပ်ရသလို သုံးမရတော့တာနဲ့ အသစ်ပြန် လဲလှယ်ပေးရတာမျိုး။ )


"ဂျူး" ။    ။

( မောင့်လွှတ်ချထားခဲ့တဲ့ ခပ်နွမ်းနွမ်း လက်တစ်စုံမှာ ကတ်တီးယား စိန်တိုက်က လက်ထပ်လက်စွပ် အပွင့်ကြီးကြီး နေရာယူတာ မြင်ရတော့မှ.. ဘာတဲ့ မောင် ! ဖြစ်ခဲ့သမျှ တောင်းပန်ပါတယ် တဲ့လား? စိတ်ချပါမောင် ! ဒီမင်္ဂလာပွဲ နဲ့ မောင့် လူ့ဘဝသက်တမ်း Expire ကုန်မယ့်ရက် တစ်ထပ်တည်း ဖြစ်စေရပါ့မယ်.. ဒါ ကျယ်မရဲ့ သစ္စာစကားပဲ။ )

"အိုင်းရစ်ဇင်မာမြင့်" ။    ။

( မလိုအပ်တော့လို့ အမှိုက်ပုံထဲ ပစ်ထည့်ထားခဲ့တဲ့ ဖိနပ်တစ်ရံလေ... ရှိုးအပဲ့ခံ အိမ်နေရင်းတောင် ပြန်မစီးဘူး။ ကိုယ့်အတွက် သုံးမရတဲ့ဖိနပ် သူများက ဦးခေါင်းထက် တင်ထားတာ မြင်ရလေ.. နောက်ဂျွမ်း 62 ခါပစ် ရယ်ချင်မိလေပဲ။ )


credit #s_m

No comments

Powered by Blogger.