Header Ads

တကယ်တမ်းရှုံးခဲ့တာ ဟန်ဆောင်ကောင်းတဲ့ ကျွန်မတို့ မိန်းကလေးတွေပါ 💔


“မောင်” …ထံသို့...
✏ 📝 💔 ~~~~~~~~~

ကျွန်မတို့ မိန်းမသားတွေက ခက်တယ် “မောင်” ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ် မောင်တို့ဘက်က မချစ်တော့ဘူး ဆိုရင် အရာရာ စွန့်လွတ် ချစ်လျှက်နဲ့ လက်ပြ နှုတ်ဆက် ပေးခဲ့ရတာ သိစေချင်တယ်။ ကျွန်မတို့ မိန်းမသားတွေက ခံစားချက်တွေ ထိန်းရတယ် “မောင်” တို့လို့ အရာရာ ဖွင့်ဟခွင့် မရှိဘူးလေ။

ချစ်ပေမဲ့ မုန်းတယ် လို့ ပြောလိုက်ရတဲ့ အခိုက်အတန့်လည်း ရှိတယ်။ ယောင်္ကျားလေးတွေက ရင်ထဲက မပါပဲ ချစ်တယ် လို့ ပြောလို့ရသလို မိန်းကလေး တွေကလည်း ရင်ထဲက မပါပဲ မုန်းတယ်လို့ ပြောခဲ့ရတဲ့ အချိန်တွေ ရှိတတ်တယ် ဆိုတာ နားလည် စေချင်တယ်။

ကျွန်မတို့ မိန်းကလေးတွေက ဆန္ဒထက် သိက္ခာကို ဦးစားပေးရတယ် “မောင်” ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ယှဉ်ပြိုင်လာရင် ဖြစ်သင့်တာကို ရင်နာနာနဲ့ ဆုံးဖြတ်ရတဲ့ အခိုက်အတန့်တွေလည်း ရှိတယ် ဆန္ဒထက် သိက္ခာတရား ကို ဦးစားပေးခဲ့ရတဲ့ သူမို့ ဘဝမှာ နာကျင်မှုတွေ ဒုနဲ့ဒေး ဆိုတာ ယုံပါကွယ်။


ကျွန်မတို့ မိန်းကလေးတွေက သစ္စာတရားကို ကိုးကွယ် တတ်တယ် ”မောင်” မေတ္တာမှာ သစ္စာမစစ်ခဲ့တဲ့သူအတွက် အချစ်ဆိုတာ ကစားစရာလို့ မရည်ရွယ် ခဲ့လေတော့ ထိရှခဲ့သမျှ အရာတိုင်း ဒဏ်ရာတွေပါပဲ ဆိုတာ မရှင်းပြချင် တော့ဘူးလေ။ နောက်ဆုံး ကျွန်မတို့ မိန်းကလေးတွေက အရာရာ အရှုံးပေးခဲ့ရသူပါ။


မိန်းမတစ်ယောက်က အချစ်ကို နှလုံးသားနဲ့ပဲ ရွေးချယ်တတ်ပေမဲ့ ယောကျာင်္းတွေကတော့ အချစ်ကို ကိန်းဂဏန်းတွေနဲ့ တွက်ချက် တတ်တယ်လေ။ ချစ်ပြီးမှ ပစ်ခဲ့တဲ့ ရာဇာဝင်တွေထဲ ဟန်ဆောင်ကောင်းတာ မိန်းကလေးတွေဆိုပေမဲ့ တကယ်တမ်း ရှုံးခဲ့တာ ကျွန်မတို့ မိန်းကလေးတွေပါ “မောင်” ရယ်။ 😧💗

#မိုးရည်စက်များ

No comments

Powered by Blogger.