Header Ads

မရင့်ကျက်တဲ့အရွယ်က လက်ရှိရည်းစားနဲ့ ပြတ်သွားမှာ သိပ်စိုးရိမ်ခဲ့ဖူးတယ်


မရင့်ကျက်သေးတဲ့ အရွယ်က လက်ရှိ ရည်းစားနဲ့ ပြတ်သွားမှာ သိပ် စိုးရိမ်ခဲ့ဖူးတယ်။ ကိုယ့်ကို မချစ်ဘဲ ပစ်သွားမှာ ကြောက်ခဲ့တာ သူနဲ့ ခွဲခွါသွားရမှာ ဝေးရမှာ သေမတတ် လန့်ခဲ့တာ။ ထွက်သွားမှာ စိတ်ပူလို့ အရူးအမူး ဖက်တွယ်ခဲ့တယ်။ နောက်တစ်ယောက် ထပ်ရသွားမှာ စိုးလို့ သဝန်တွေ တိုပြခဲ့တယ်။ အဆုံးရှုံး မခံနိုင်လို့ အလိုလိုက် အလျှော့ပေးခဲ့တယ်။

အဲ့လို အသည်းအသန် ချစ်ပြခဲ့… စိတ်ထဲ "တစ်" နေရာပေးခဲ့… "Feel" တွေ ထားပြခဲ့ပေမယ့် တစ်ချို့သူတွေက တန်ဖိုး နားမလည်ကြပါဘူး… အမြဲလိုလို သူတို့စိတ်ထဲ Negative ဘဲမြင်နေတာကိုး။ အချိန်တန်တော့ အနားက ထွက်ခွါသွားကြတယ်။ သံယောဇဉ်တွေဖြတ် တာ့တာ bye bye လုပ်သွားကြတယ်။

အခု ရင့်ကျက်တဲ့ အရွယ်ရောက်တဲ့အခါ… ဘာကိုမှ သွေးပျက် မနေတော့ဘူး။ စွဲလန်း မနေတော့ဘူး။ သူက ဂရုမစိုက်တော့ဘူးလား.. ရတယ် ကိုယ်လည်း နေတတ်သလိုလေး နေလိုက်တယ်။ သူက ဖုန်းမဆက်ဘူးလား.. ရတယ် Online ပေါ်မှာ အချိန်တွေ ဖြုန်းလိုက်တယ်။


သူက ထားသွားခဲ့ရင် နေတတ်အောင် အခုကတည်းက တစ်ယောက်တည်း အကျင့်လုပ်ထားမယ်။ သူက မေ့သွားခဲ့ရင် ဖြေဆည်နိုင်အောင် အခုကတည်းက ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားမယ်။ ခွဲခွါတဲ့ တစ်နေ့အတွက် Ready ဖြစ်နေစေ ရမယ်လေ။


ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေက ဘဝထဲက ဝုန်းဒိုင်းကျဲ ပြီး ထွက်ခွာသွားလိမ့်မယ် ကိုယ်နဲ့ ထိုက်တန်တဲ့သူတွေက ဘဝထဲကို လေပြေနဲ့အတူ ဝင်ရောက်လာလိမ့်မယ်။ ချစ်လို့ရနေသရွေ့ လက်ကို ဆုပ်ကိုင်ထားလိုက်မယ် အဆင်မပြေတော့တဲ့အခါ လက်တွဲ ဖြုတ်လိုက်မယ် ဘယ်အရာကမှ မတည်မြဲ တတ်ဘူးလေ။ ။ 

credit #s_m

No comments

Powered by Blogger.