အမျိုးသမီးတွေ အောက်ခံဘောင်းဘီ မ၀တ်သင့်တဲ့အကြောင်း
မိန်းကလေးတွေ မလိုအပ်တဲ့ အချိန်တွေမှာ အောက်ခံ ဘောင်းဘီကို မ၀တ်ကြပါနဲ့။ အောက်ခံ ဘောင်းဘီ ကြောင့် သက်တောင့် သက်သာ မရှိရတဲ့ နေ့ရက် တွေကို အမျိုးသမီးတိုင်း ခံစား ဖူးမှာပါ ။ ဒီလို အတွင်းခံ ဘောင်းဘီ တွေဟာ တကယ်ပဲ နေ့စဉ် ဝတ်ပေးဖို့ လိုအပ်ရဲ့လား ဆိုတာလည်း စဉ်းစား စရာပါပဲ ။ မဝတ်တော့ ရော ဘာဖြစ်မှာလဲ ???
လေ့လာ တွေ့ရှိချက်တွေ အရ အောက်ခံ ဘောင်းဘီ တွေကို နေ့စဉ် မဝတ်သင့် ပါဘူး လို့ ဆိုပါတယ် ။ မဝတ်သင့်တဲ့ အကြောင်း အချက်တွေ ကိုလည်း အောက်ပါ အတိုင်း ဖော်ပြထား ပါသေးတယ်။
1) လေဝင် လေထွက် ကောင်းတယ်
အတွင်းခံ မဝတ်ခြင်းက အမျိုးသမီး အင်္ဂါ အတွက် လေဝင် လေထွက် ကို တိုက်ရိုက် ထိတွေ့စေ ပါတယ် ။ မိမိရဲ့ အမျိုးသမီး အစိတ်အပိုင်း ကို အောက်ခံ ဘောင်းဘီ တွေနဲ့ ဖုံးအုပ် ထားတာကြောင့် လေဝင် လေထွက် ကောင်းကောင်း ရရှိမှာ မဟုတ်ပါဘူး ။ ဒီလို လေဝင် လေထွက် မရှိခြင်းက အမျိုးသမီး အင်္ဂါ ကျန်းမာရေးကို အနှောင့် အယှက် ရှိစေ ပါတယ် ။ ဒါ့အပြင် အတွင်းခံ ဘောင်းဘီ တွေကြောင့် ပိုး ဝင်ရောက်ခြင်း မှလည်း ကင်းဝေးစေ မှာပါ ။
2) အစိုဓါတ် နည်းစေတယ်
အမျိုးသမီး အင်္ဂါနဲ့ ပတ်သက်ပြီး ပိုးဝင်တာ ၊ ယားယံ တာဟာ အစိုဓါတ် များလို့ ဖြစ်ပါတယ် ။ အစိုဓါတ် များတဲ့ နေရာမှာ ဘတ်တီးရီးယားပိုးတွေ ပေါက်ဖွားလေ့ ရှိပါတယ် ။ အတွင်းခံကြောင့် အမျိုးသမီး အစိတ်အပိုင်းဟာ လေ အဝင် အထွက် မရဘဲ အစိုဓါတ်ကို ကြာရှည် နိုင်စေ ပါတယ် ။
3) လွတ်လပ်တယ်
အတွင်းခံ ဘောင်းဘီ မဝတ်ခြင်းက သင့်ကို သက်တောင့် သက်သာ ဖြစ်စေပီး လွတ်လပ်ခြင်း အရသာကို အပြည့် အဝ ခံစားနိုင် မှာပါ။
4) ငွေကုန်ကြေးကျ သက်သာတယ်
ဒါကတော့ ရှင်းပါတယ် ။ မဝတ်တော့ ဝယ်စရာ မလိုဘူး ။ ဝယ်စရာ မလိုတော့ ပိုက်ဆံ မကုန်တော့ ဘူးပေါ့ ။
5) ဟိုကြား ဒီကြား ညပ်ခြင်းမှ ကင်းတယ်
ဒါကိုတော့ မိန်းကလေးတွေ အထူး နားလည် မှာပါ ။ တချို့ အတွင်းခံ ဘောင်းဘီ အတော် များများက လူအမြင်မှာ ကြည့်ရ ဆိုးစေ ပါတယ် ။ အထိုင် အထ နေရာတွေ မှာဆို ပိုသိသာ ပါတယ် ။ ဘောင်းဘီ ၊ လုံခြည်ဝတ်တဲ့ အခါမှာလည်း အောက်ခံ ဘောင်းဘီအရာ ထင်းနေခြင်းက စိတ်ပျက် စရာပါ ။ မဝတ်ဘဲ နေခြင်းက ဒီဒုက္ခမှ ကင်းဝေးစေ ပါလိမ့်မယ် ။
6) ရေကို ချွေတာပြီးသား ဖြစ်စေတယ်
အတွင်းခံ ဘောင်းဘီ မဝတ်တော့ လျှော်စရာ မလိုဘူး ။ လျှော်စရာ မလိုတော့ ရေလည်း မကုန်တော့ဘူးလေ ။ လူလည်း သက်သာတယ် ၊ ရေလည်း သက်သာတယ် ။
7) ခင်ပွန်းကို surprise ဖြစ်စေတယ်
အတွင်းခံ မပါတဲ့ ဇနီးသည်ကို မြင်ရခြင်းက ခင်ပွန်းဖြစ်သူ အတွက် ရင်ခုန် စိတ်လှုပ်ရှားမှု ကို ပေးစွမ်းနိုင် ပါတယ်တဲ့ ။ ( ဟုတ် ၊ မဟုတ်တော့ အိမ်ထောင်သည် တွေဆီ တိုးတိုး တိတ်တိတ် မေးကြည့်ပါ )
ကဲ .. ကောင်မလေးတွေ ဒီပို့စ်ကို ဖတ်ပီး ရှိတဲ့ ဘောင်းဘီတွေ ကိုလည်း မလွှင့်ပစ် လိုက်ပါနဲ့ဦး ။ ဘီဒိုထဲ ထည့်ထားပြီး လိုအပ်တဲ့ အခါ မျိုးတော့ ဝတ်ကြရဦး မှာ ပါပဲ။ ( အပြင်တွေ ဘာတွေ သွားရင်တော့ ၀တ်ရမှာပေါ့)
CHAN ( ရွှေအင်းလေး )
Post a Comment