Header Ads

ယောက်ျားတစ်ယောက် ပစ်သွားလို့  အသဲကွဲစရာမလိုပါဘူး..


ယောက်ျား တစ်ယောက် ပစ်သွားလို့  အသဲကွဲတယ် ဆိုတာ ကိုယ့်အတွက်တော့  ရယ်စရာပါ ။ ကိုယ်က အချစ်ကြီးသလို အစွဲလန်းကြီးတယ်။ သစ္စာတရား ဆိုတာ ကိုယ့်ရဲ့အသက်လို တန်ဖိုးထားတာ ။ ကိုယ့်အချစ်မေတ္တာကို အောက်တန်းစား အဆင့်နဲ့  လာအသုံးချသွားရင်လည်း သေတောင် ခွင့်မလွှတ်ဘူး။ ဒါ ကိုယ့်တန်ဖိုးလေ ။

ကိုယ့်ကိုယ်အပေါ်ယံနဲ့  မခန့် မှန်းပါနဲ့ ။ ငိုရင် ငိုပြမယ်။  ရယ်ရင် ရယ်ပြနေမယ်။ ငိုပြနေတာ အလကား မဟုတ်ဘူး အကြောင်းရှိလို့ ။ ရယ်ပြနေတာကိုလည်း တကယ်မထင်နဲ့  အချိန်ကောင်း စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ် ။ ပတ်သက်ခဲ့တဲ့ အချိန်အတိုင်းတာ တစ်ခုမှာ ကိုယ်က ဘာတစ်ခုမှ အခွင့်ရေး မယူခဲ့ဖူးဘူး။ ကိုယ်ကပဲ ဖေးမကူညီခဲ့တာ။ ဒါကြောင့်  ဘယ်မျက်နှာမှလည်း ထောက်ထားဖို့  မလိုအပ်ဘူး  အရှင်းကြီးပဲ ။

ကိုယ်က ဘယ်သူ့ အပေါ်မှာမှ လူပါး မဝခဲ့ဘူး။ ကိုယ့်အပေါ် လူပါး လာဝလို့ ကတော့ လက်ဖျားလေးနဲ့  လာခတ်ရင် လက်အရင်းကနေ ဖြတ်ပစ်ရမှ ကျေနပ်တာ ။ အငြိုးကြီးတဲ့ လူတွေဟာ သရုပ်ဆောင် သိပ်ကောင်းတယ်။ အချိန်တစ်ခုကို စောင့်နိုင်တယ်။ ပြုံး ပြုံးလေးနဲ့  သည်းခံတတ်တယ်။


အဲ့လို အမူယာတွေ နောက်မှာ ဘာတွေ ကိုင်ထားလည်း သိလား။ လူတစ်ယောက်ရဲ့ ဘဝကို တစစီ ဖဲ့ခြွေပစ်နိုင်တဲ့ ငရဲပန်းတွေ ပွေ့ ပိုက်ထားတယ် ။ မကျေနပ်လို့  နောက်ကျောက ဓါးနဲ့ ထိုးမဲ့အစားထဲ ကိုယ်မပါဘူး။ ရှေ  တည့်တည့်က  တချက်ခြင်းထိုးပြီး နာကျင်နေတဲ့ ဝေဒနာကို တစိမ့်စိမ့် ထိုင်ကြည့်နေမှာ ။


" ယုတ်ညံ့သူနဲ့  မိတ်ဆွေ ပျက်ရခြင်းဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ်  "

သိပ်ချစ်တာပဲ ပြောတိုင်း မာန်တက်ပြနေရင် ဖျားသွားလိမ့်မယ်။ အချစ်ဆိုတာ အချစ်ဦးထဲက ကုန်ဆုံးသွားပြီးသား ။

credit သာသာယာယာ#MayNoe

No comments

Powered by Blogger.