Header Ads

ဖေ့စ်ဘုတ်သုံးလို့ ရင့်ကျက်သွားတဲ့သူတွေဟာ ဒါတွေမလုပ်တော့ဘူး..


facebook သုံးလို့ရင့်ကျက်သွားတဲ့သူတွေဟာ

1) profile pic , cover pic တွေကို ခဏခဏ မပြောင်းလဲတော့ဘူး

2) ကိုယ်စာမပြန်ချင်တဲ့ သူတွေဆို ဝင်သာဝင်ကြည့်ပြီး တိတ်တိတ်လေး ပြန်ထွက်သွားတတ်တယ်

3) ကိုယ်မကြိုက်တဲ့ post မျိုးဆို ဝင်ဆဲတာ ဝင်ပြောတာမျိုး မလုပ်ဘဲ မသိချင်ယောင်ဆောင် ကျော်သွားတတ်ကြတယ်။

4) မဟုတ်က ဟုတ်က လုပ်တတ်တဲ့ သူတွေကိုလည်း တိတ်တိတ်လေးဘဲ unfriend လုပ်ခဲ့ကြတယ်။

5) ကိုယ်နဲ့မတည့်သူတွေကိုလည်း မန်ရှင်းခေါ်ပီး ရန်ဖြစ်မနေဘဲ block ဘဲ လုပ်ကြတော့တယ်။

6) ကိုယ်ကြိုက်တဲ့ cele တွေရဲ့ post အောက်မှာလည်း add me လို့ လိုက်မမန့်တော့ဘဲ တိတ်တိတ်လေးဘဲ see first လုပ်ထားတတ်ကြတယ်။

7) fri များတာ သဘောမကျတော့ဘဲ ကိုယ်တကယ်ခင်တဲ့ သူတွေကိုဘဲ like , cmt ပေးပြီး active မဖြစ်သူတွေဆို unfri လုပ်ခဲ့ကြတယ်

8) ကိုယ်ကြိုက်တဲ့ postတွေ save ထားချင်တဲ့ postတွေဆို only me နဲ့share တာမျိုး save post လုပ်တာမျိုး လုပ်ကြတယ်။

9) နိုင်ငံခြားက အမျိုးသမီး post တွေ အကောင့်တုသုံးပီး အဆဲတောင်းတဲ့ post တွေတဲ့ အောက်မှာ ဝင်မန့်တာမျိုး share တာမျိုးမလုပ်ဘဲ ကျပ်မပြည့်တဲ့သူတွေ တော်တော်မန့်ကြတာဘဲလို့ တွေးပြီး ကျော်သွားတတ်ကြတယ်။ ( စောက်မြင် တော်တော်ကပ်သူဆို report ပါထုခဲ့သေးတာ)

10) ဒီpost ကို shareပါ ကံကောင်းမယ်။i phone ရမယ်။ ကံစမ်းမဲပေါက်မယ်။ ဒီ စာကိုဝင် like .cmt လုပ်ရင် game ထဲမှာ သင်ဟာ ပါဝင်ပါပီ ဘာညာ စတဲ့ post တွေကိုလည်း အလိုလို ကျော်ခွတတ်လာတယ်။

11) fbကို အပျော်သက်သက်သာမဟုတ်  သင်ခန်းစာ ရစရာတွေကို မှတ်သားပီး အကျိုးရှိရှိ သုံးတတ်လာတယ်

Credit to original

No comments

Powered by Blogger.