အားကစားလုပ်သူကို ဘာကြောင့် ချစ်သူတော်သင့်တာလဲ
🚴♂🚴♀
ကဲ ရှည်ရှည်ဝေးဝေးတွေ မပြောတော့ဘူး ။ ဘာကြောင့် အားကစား သမားတွေကို ချစ်သူ တော်သင့်လဲ ဆိုတာ အောက်မှာသာ ဖတ်ကြည့်ပေးဦးနော်..
❎ အားကစားသမား တွေဟာ စွဲဆောင်မှု ရှိတဲ့ ခန္ဒာကိုယ် ကောက်ကြောင်း အလှကို ပိုင်ဆိုင် ထားကြပါတယ် ။
❎ ကျန်းမာရေးကို အထူး အလေးထား သူတွေဖြစ်လို့ ခန္ဒာကိုယ်ကို ထိခိုက် ပျက်စီးစေမယ့် အပြုအမူ မျိုးတွေကို လုံးဝ ရှောင်ရှား တတ်ကြတယ် (ဥပမာ- အရက် ၊ ဆေးလိပ် )
❎ ကျန်းမာရေးကို အထူး လိုက်စားဖို့ အမြဲ တိုက်တွန်းတတ်တာမို့ သင့်ရဲ့ အသက်ရှည် ကျန်းမာဖို့အတွက်လည်း အထောက်အကူ ဖြစ်နိုင်ပါသေးတယ်နော်။
❎ အသေးအဖွဲ့ ပင်ပန်းမှုဒဏ်တွေနဲ့ ထိခိုက်ဒဏ်ရာရမှု တွေလောက်ကို ဂရုမပြု တတ်ကြသူတွေမို့ သင့်အနေနဲ့ အမြဲ အရိပ်တကြည့်ကြည့် ပြုစုနေစရာ မလိုပါဘူး။
❎ သူနဲ့သာ Date မယ် ဆိုရင်တော့ သင်တို့ စုံတွဲရဲ့ အမှတ်တရတွေဟာ တောင်တက် ခရီးစဉ်တွေ ၊ အားကစားပွဲတော် မျိုးစုံတွေနဲ့ GYM တွေမှာပဲ ပိုများမယ် ဆိုတာ အာမခံပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အချိန်ရတာနဲ့ အခြား နေရာတွေထက် အားကစားနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာသာ သွားရောက် အချိန်ဖြုန်းဖို့ စိတ်အားထက်သန် နေလို့ပါ။
❎ အသစ် အဆန်းတွေကို အမြဲ စူးစမ်းလေ့လာ ချင်နေသူတွေဖြစ်ပြီး အမြဲ ယှဉ်ပြိုင်လိုစိတ်လည်း ရှိတဲ့အတွက် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျ အားငယ်မှုတွေ ၊ Depression တွေ သူတို့မှာ မရှိသလောက် ရှားပါတယ်။
❎ ကိုယ့်ချစ်သူက အားကစားသမား ဖြစ်နေတဲ့အခါ သူ ပါဝင်ယှဉ်ပြိုင်တဲ့ ပွဲစဉ်တိုင်းကို လိုက်ပါ အားပေးခွင့်ရပြီး ဂုဏ်ယူမဆုံးလည်း ဖြစ်မှာ အသေအချာပါပဲ။ အခြားချစ်သူ စုံတွဲတွေနဲ့ မတူပဲ ကိုယ့်ချစ်သူရဲ့ ယှဉ်ပြိုင်မှုကို အားပေးခွင့်ရတာဟာ အားကစားသမားတွေရဲ့ ချစ်သူတွေမှာသာ ပိုင်ဆိုင်ခွင့်ရတဲ့ အထူးအခွင့်အရေးတစ်ရပ်လို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူးနော်။
ဒီစာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like / Share လေးလုပ်ခဲ့ဖို့ မမေ့နဲ့ဦးနော်
credit to upupmm
Post a Comment