အရမ်းကြီး ချစ်ပြတဲ့အခါ လိုသုံးနေရာကို ရောက်သွားတတ်တယ်
အရမ်းကြီး ချစ်မပြလိုက်ပါနဲ့ မိတ်ဆွေ!
အရမ်းကြီး ချစ်ပြတဲ့အခါ လိုသုံးနေရာကို ရောက်သွားတတ်တယ် !
အရမ်းကြီး မပေးဆပ်ပြပါနဲ့ မိတ်ဆွေ!
အရမ်းကြီး ပေးဆပ်တဲ့အခါ ငပေါ တစ်ယောက်လို့ အမြင်ခံရတတ်တယ် !
အရမ်းကြီး လွမ်းမပြပါနဲ့ မိတ်ဆွေ!
အရမ်းကြီး လွမ်းပြတဲ့အခါ လျစ်လျူရှု ခြင်းကို ခံရတတ်တယ် !
အရမ်းကြီး ဖက်တွယ် မထားမိပါစေနဲ့ မိတ်ဆွေ!
အရမ်းကြီး ဖက်တွယ် ထားမိတဲ့အခါ တဖက်လူလဲ စိတ်ရှုပ်သလို ကိုယ်လဲ နာကျင်ရတယ် !
အရမ်းကြီး မတွေးနဲ့ မိတ်ဆွေ!
အရမ်းကြီး တွေးတဲ့အခါ ကိုယ့်ဝေဒနာ ကိုယ်ရှာသလို ဖြစ်တတ်တယ် !
အရမ်းကြီး မမျှော်လင့်မိစေနဲ့ မိတ်ဆွေ!
အရမ်းကြီး မျှော်လင့်မိတဲ့အခါ စိတ်ကူးအိမ်မက်တွေ ပျက်စီးသွားတတ်တယ် !
ချစ်ပါ မနစ်ပါနဲ့ သူရှိမှဖြစ်မယ် ဆိုတဲ့ အတွေးတွေ လွှတ်ပြစ်လိုက်ပါ.. ကိုယ့်ဘက်က ဘယ်လောက်ဘဲပေးဆပ်နေပါစေ.. အချစ်စစ် မဖြစ်ခဲ့ရင်တော့ သေချာပေါက် ဝေးကြရမှာပါပဲနော် !!
မိတ်ဆွေတို့အားလုံး ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျပြီး ပျော်ရွှင်နိုင်ပါစေရှင်။
credit အချစ် နဲ့ ဗေဒင်
Post a Comment