ယောင်္ကျားလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းနိုင်တဲ့ ဖေဖော်ဝါရီ ၂၉
။။။။။။။။။။။။။။။။။။။။
မိန်းကလေး တစ်ယောက်က မိမိချစ်ခင် နှစ်သက်နေတဲ့ ယောင်္ကျားလေး တစ်ယောက်ကို လေးနှစ်မှာ တစ်ခါသာရှိတဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ချစ်ခွင့်၊ လက်ထပ်ခွင့် တောင်းဆိုနိုင်ပါတယ်။
ဒီရက်ကို သတ်မှတ်ရခြင်းကတော့ လွန်ခဲ့တဲ့ ၅ ရာစုနှစ်လောက်မှာ အိုင်ယာလန်နိုင်ငံက St Bridget အမည်ရှိ သီလရှင်က “ တစ်ချို့ မိန်းကလေးတွေက သူတို့ချစ်တဲ့သူတွေ၊ ချစ်ရေးဆိုမယ့် သူတွေ ချစ်ခွင့်၊ လက်ထပ်ခွင့် တောင်းမယ့် အချိန်ကို အချိန်အကြာကြီး စောင့်ဆိုင်းရတယ် ” ဆိုတာနဲ့ ပတ်သက်လို့ တောင်းဆိုရာမှာ အိုင်ယာလန်နိုင်ငံ ဘုရင်ဖြစ်သူက လေးနှစ်မှာသာ တစ်ကြိမ်ကျရောက်သော ထိုနေ့တွင် မိန်းကလေးများက ကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့် တောင်းဆိုနိုင်တယ် လို့ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖင်လန်နိုင်ငံမှာတော့ အဲလို တောင်းဆိုတာကို ငြင်းမယ်ဆိုရင် လျော်ကြေး ပေးရလေ့ ရှိပါတယ်။ ဘုရင်မကြီး ဗစ်တိုးရီးယားဟာ မင်းသား အဲလ်ဘတ်ကို ချစ်ခွင့်ပန်ခဲ့တယ် လို့လည်း သိရပါတယ်။ လက်ထပ်ခွင့် တောင်းတဲ့အချိန်မှာ ထိုခေတ်က အမျိုးသမီးများဟာ ဒူးကျပ် ဘောင်းဘီအပွ(သို့) ကြက်သွေးရောင် ကုတ်အကျီကို ၀တ်ဆင်လေ့ရှိတယ် လို့ သိရပါတယ်။
ဗဟုသုတအနေနဲ့ တင်ပြတာသာဖြစ်ပြီး အခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက တော့ ၂၈ ရက်ပဲ ရှိတာမို့ စိတ်မကောင်းစရာပါပဲနော့..
Credit : irishcentral
Post a Comment