Header Ads

သင့်လက်ဖ၀ါးနှစ်ဖက်က ပြောပြနေတဲ့ သင့်ဖူးစာရှင်


******************
သင့် လက်ဖဝါးလေး နှစ်ခု ဆက်ကြည့်လိုက်တဲ့အခါ ပေါ်လာတဲ့ အရေး အကြောင်းလေးကို ကြည့်ပြီး ကိုယ့်ဖူးစာဖက် ကို ခန့်မှန်းကြည့်လို့ ရတဲ့ အကြောင်းလေး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ပုံသဏ္ဍန်လေးတွေ ကွဲပြားသွားတာနဲ့ လူတစ်ယောက်ရဲ့ ဝိသေသလေးပါ ကွဲပြားသွားတာကြောင့် စိတ်ဝင်တစားနဲ့ သေချာလေး တိုက်ကြည့်ကြပါနော်။

** ပုံ (၁) The Same Height


လက်ဖဝါးနှစ်ဖက် ပူးလိုက်တဲ့အချိန်မှာ အရွယ်တူပြီး အဝိုက်ပုံသဏ္ဍန်လေး ဖြစ်နေတဲ့ လက်ပိုင်ရှင်တွေဟာ ဥာဏ်ရည်ထူးချွန် သူတွေ ဖြစ်ကြပါတယ်။ ဘာပဲလုပ်လုပ် စနစ်တကျ လုပ်တတ်ပြီး ဘဝ တစ်လျှောက်လုံးကို plan တွေချပြီး ဖြတ်သန်းတတ်ကြတယ်။ တစ်ခု သတိထား သင့်တာက ကိုယ့်ကိုကိုယ် အရမ်းကြီး ပိတ်လှောင်မထားဖို့ပါ။ တစ်ခါတစ်လေ ကိုယ့်အတွက် လွတ်လပ်ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်လေးတွေလည်း ရှိဖို့ လိုအပ်ပါတယ်။ ဖူးစာဖက် အနေနဲ့ကတော့ လူအများက လေးစားအာကျရတဲ့ သူမျိုးနဲ့ လက်ထပ်ရတတ်ပါတယ်။

** ပုံ (၂) The right hand is higher


ညာဘက်လက်က ဘယ်ဘက်ထက် ပိုပီး မြင့်တက်နေ တဲ့ လက်ဖဝါးပိုင်ရှင်တွေဟာ လူကြီးသူမတွေရဲ့ ဦးစားပေးမှု၊ ချစ်ခင်မှုတွေ ခံရတတ်ပါတယ်။ ဒါ့အပြင် ဘယ်သူဘာပြောပြော ကိုယ်မှန်တယ် ထင်ရင် ခေါင်းမာမာနဲ့ ရှေ့ဆက်တိုးမယ့် လူစားမျိုးပါ။ ဖူးစာဖက် အနေနဲ့ ကတော့ ကိုယ့်ထက် အသက်အများကြီး ကြီးတဲ့ လူတစ်ယောက်နဲ့ လက်ထပ် ရတတ်ပါတယ်။

** ပုံ (၃) The left hand is higher


ဘက်လက်က ညာဘက်လက်ထက် ပိုပြီး မြင့်တက်နေတဲ့ လက်ဖဝါးပိုင်ရှင် တွေကတော့ စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်ကြပြီး ဘဝတစ်လျှောက်လုံး မရပ်မနားတမ်း ရုန်းကန် လှုပ်ရှား နေတတ်ပါတယ်။ သူတို့အပေါ် ဂရုတစိုက် ရှိတာကို သိပ်သဘောကျ တတ်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ချစ်ခြင်းမေတ္တာကို အလေးအနက် ထားသူတွေ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက လာတဲ့ ရုပ်ရည်ချောမော ပြေပြစ်တဲ့ သူနဲ့ ဖူးစာဆုံတတ်ပါတယ်။

Credit

No comments

Powered by Blogger.