ချစ်ရင် ကို့နောက်လိုက်ရဲလား..
ကို = ချစ် ကို့ကို ချစ်လား
ချစ် = ချစ်တာပေါ့ ကိုကိုရယ်
ကို = ချစ်အာ့ဆို ကို့နောက် လိုက်ရဲလား
ချစ် = လိုက်ရဲတာပေါ့ ကိုကိုရယ်
ကို = တစ်ကယ်လား ချစ်လေး
ချစ် = တစ်ကယ်ပေါ့ ကိုကိုရယ်
ကို = ချစ်အာ့ဆို အခု ခိုးပြေးရအောင်
ချစ် = အခုတော့ မခိုးနဲ့အုံးလေ
ကို = ဘာလို့လဲ ချစ်လေး
ချစ် = အခု ခိုးပြေးရင် ထမင်းငတ် သွားမှာပေါ့
ကို = ဟင် ချစ်ကလဲ ကိုကို ရှာကျွေးမှာပေါ့
ချစ် = ကိုကိုက အခု တတောင်းစား ဘဝလေ
ကို = ချစ် ဘာပြောလိုက်တယ်
ချစ် = ဟုတ်တယ်လေ ကိုကို ပတ်ဆံ ဘယ်နှပြား ရှာတတ်လဲ
ကို = နည်းနည်းတော့ များသွားပီ
ချစ် = ဘာများလို့လဲ ချစ်ပြောတာ မမှန်လို့လား
ကို= ချစ်ပြောတာ မှန်တော့ မှန်ပါတယ်
ချစ် =မှန်တယ်ဆို ကိုကို အလုပ်ကြိုးစား
ကို = ချစ်ကလဲ ကိုကိုတို့က ဒီလောက်ချမ်းသာ နေတာကို အလုပ်လုပ်စရာ လိုလို့လားကွာ
ချစ် = ချမ်းသာတာ ကိုကိုမှ မဟုတ်တာ ကိုကို့ မေမေတေလေ
ကို = ကိုကို့ မေမေ ချမ်းသာတာ ကိုကို ချမ်းသာတာနဲ့ တူတူပဲပေါ့ ချစ်ရယ်
ချစ် = မတူဘူး ကိုကို အမွေဆိုတာ ထိုက်တန်မှရတာ။ ရပြန်တော့လဲ မသုံးတတ် မစားတတ်ရင် သုံးရက်ထဲနဲ့ ပြောင်သွားတတ်တယ် ကိုကို။ အလုပ်တစ်ခု ရှိနေတော့ ဘာမှ မပူရတော့ဘူးပေါ့။
ကို = ကိုကို သဘောပေါက်ပါပြီ ချစ်ရယ်။ ကိုကို ဒီနေ့ကစပီး အလုပ် စလုပ်တော့မယ်။ မေမေ့ ချမ်းသာမှုတွေကို ကိုကို မမက်တော့ဘူး
ချစ် =အာ့မို့ ကို့ကို အများကြီးချစ်တာ အာဘွားကိုကို
ကို = ကိုကိုလဲ အာဘွားနော် ချစ်လေး
ပြောချင်တာက ချစ်သူတွေက အာ့လို ပြောလာခဲ့ရင် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခိုင်းကျပါ။ အသက်မပြည့်သေးပဲနဲ့ အိမ်ထောင်ပြုကျ အလုပ်မရှိ အကိုင်မရှိ ကလေးတွေမွေး လူ့လောကကို ရောက်လာတဲ့ ကလေးတွေက ဘာမှမသိ ဆင်းဆင်းရဲရဲနဲ့နေရ။ ဟော.. မိဘတေက စားစရာမရှိလို့ ရန်ဖြစ်။ နောက်ဆုံး
ကွဲကျ ချမ်းကျနဲ့ နောက်ဆုံး အပစ်မရှိတဲ့ ကလေးတွေပဲ ဒုက္ခရောက်ကျ ရပါတယ်။ သူများ ရေးထားတာကို ခိုးချရေးတာ မဟုတ်ပါဘူး။ အခုခေတ် ဖြစ်ပျက်နေတဲ့ သဘောတရား လေးတွေကို ရေးပြတာပါ။
credit to တင်ဇာထွေး
Post a Comment