Header Ads

ညီမလေးဖတ်ဖို့...


=========
ညီမလေး…. လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။ မိန်းမဆိုတာ... မေတ္တာအရရော၊ ငွေရေးကြေးရေး အရပါ သူတစ်ပါးကို နည်းနည်းပါးပါး အားကိုးလို့ ရရင်ရမယ်။ ဒါပေမဲ့.... အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲ။

ညီမလေး… စာများများဖတ်ပါ။ များများ လေ့လာပါ။ ပန်းအိုးဆိုတာ ကျကွဲလွယ်လွန်း တတ်သလို လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်း လှပါတယ်။ ညီမလေးရဲ့ ရင်တွင်းအလှ နဲ့ ပင်ကိုယ်အရည်အသွေး များသာ ညီမလေးကို အမြဲ အဖေါ် ပြုသွားမှာပါ။

ညီမလေး.… အထီးကျန်ခြင်းနဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလား အဖွဲ့ကျနိုင်ပေမဲ့ မိမိကိုယ်မိမိ မိမိ အတွင်းစိတ်နဲ့ အဆင်ပြေအောင် နေထိုင်တတ်ခြင်းသာ ဘ၀တစ်ခုလုံးအတွက် အားအကိုးရဆုံး ဖြစ်တတ်တယ်။

ညီမလေး.. သူများကို သိပ်ပြီးအားကျစရာမလိုပါဘူး။ ကိုယ့်လျှောက်မဲ့လမ်းကိုသာ အကောင်းဆုံးဖြစ်အောင်လျှောက်ပါ။ လူဆိုတာ ပြောမရဘူး၊ သူများလည်း ကိုယ့်ကို အားကျရင် အားကျနေမှာ။

ညီမလေး... လူဆိုတာ ကိုယ့်စိတ်ကို ကိုယ်နိုင်နင်းရတယ်။ လူဆိုတာ..ကိုယ့်စိတ်ရဲ့ အရှင်သခင် မဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်စိတ်ရဲ့ ကျေးကျွန် ဖြစ်သွားတတ်တယ်။


ညီမလေး.... တိုးတက်ချင်တဲ့စိတ်၊ အလုပ်ကို မြတ်နိုးတဲ့စိတ် မွေးရတယ်။ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ကောင်းကွက်ကို ရွေးချယ်ကြည့် တတ်ရမယ်။ အကောင်းမြင်မယ်။ အလုပ်အပေါ် တိကျမယ်။ ကောင်းမွန်ပြီးဆုံးအောင် ကြိုးစားနေမယ် ဆိုရင် အကျိုးအမြတ်ဆိုတာ ဘေးထွက်ပစ္စည်းပါ။

ညီမလေး.... သနားကျင်နာ တတ်တဲ့စိတ်၊ သူများကို ကူညီတတ်တဲ့ စေတနာ၊ နားလည်ခွင့်လွတ်တတ်တဲ့ သဘောထား ဒါတွေ အားလုံးဟာ ညီမလေးကို ပိုမို လှပသွားစေမှာပါ။


အားကစား တစ်ခု စွဲစွဲမြဲမြဲ လုပ်ပါ။ ပုံမှန် ဆေးစစ်ပါ။ မိန်းခလေးဟာ ရောဂါနည်းနည်း ပိုများတတ်သလိုပဲ။ ကိုယ့်ကျန်းမာရေးကို ကိုယ်တာဝန် ယူရပါမယ်။ ဒါဟာ မိသားစုအပေါ် တာဝန်ယူတာနဲ့ အတူတူပါပဲ။

ညီမလေး.… အခြေအနေအရ ဘာကိုပဲ စွန့်လွတ်စွန့်လွတ် အကျင့်စာရိတ္တရယ်၊ အပြုံးရယ်၊ ကိုယ့်ကိုကို ယုံကြည်ချက်ရယ် မစွန့်လွတ်ရဘူး။ ဒါတွေ အားလုံးဟာ ညီမလေး ဘ၀လှစေဖို့ ပံပိုးပေးမဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ချည်းပဲ။

#crd#

No comments

Powered by Blogger.