ချစ်သူများနေ့ တွင် ကောင်လေးက အနမ်းပေးရာမှာ ကြမ်းလွန်းသောကြောင့် မရှုမလှ ဖြစ်သွားရသော ကောင်မလေး
ယခုနှစ် ချစ်သူများနေ့ တွင် ကောင်မလေးက မိမိအား အဖြေ ပြန်ပေးရာ စိတ် မထိန်းနိုင်ပဲ အချစ်များ ပွင့်အန်၍ အရူး အမူး နမ်းပစ် ( Kissing ဆွဲ ) လိုက်ရာ ကောင်မလေး ခမျာမှာ ပုံပါ အတိုင်း မရှုမလှ ဖြစ်သွား ခဲ့ရကြောင်း ...
ကောင်မလေး ဘက်မှ မကျေနပ် ၍ တိုင်တန်း လျှင်လဲ သူ့ အနေဖြင့် ဖြေရှင်း ရန် မရှိကြောင်း အချစ်ကြောင့် ဖြစ်သွား ခဲ့သည့် ကိစ္စ ဖြစ်တာကြောင့် ရဲရဲ ဝံ့ဝံ့ ရင်ဆိုင် ရန် အသင့် ရှိကြောင်း ကောင်လေးမှ ပြောကြား ခဲ့ပါသည် ။
ကောင်မလေး ကမူ ကောင်လေးရဲ့ လုပ်ရပ်ကြောင့် သူမ နှုတ်ခမ်းများ အလွန်အမင်း နာကျင်နေ ခဲ့ပြီး ထမင်း နှစ်ရက် ငတ် သွားကြောင်း ရေပင် မနည်း သောက်ရ ကြောင်း ....
ထို့ကြောင့် နောက်တစ်ကြိမ် ကောင်လေးနှင့် တွေ့ရ မည်ကို အလွန် စိုးထိတ်လျက် ရှိကြောင်း သိရသည် ။
" အမှု ဖွင့်ရ မလား မဖွင့် ရ ဘူးလား ဆိုတာ အခုထိ အဖြေ မရသေး ပါဘူး .....
ဒါပေမဲ့ ကျွန်မ သူနဲ့ နောက် တစ်ကြိမ် တွေ့ဖို့ ကတော့ တော်တော် လေး စဉ်းစား ရမှာပါ ရှင် ...
ဆေးခန်း သွားပြ ပေမဲ့ အခုထိ မသက်သာ သေး ပါဘူး မြင်တဲ့ အတိုင်း ပါပဲ "
ဆိုပြီး စကားသံ မပီကလာ ပီကလာနဲ့ Daily News သို့ ပြောကြား ခဲ့ပါ သည် ။
Credit _ Original Writer , Original Source
Post a Comment