Header Ads

ဒီလိုမိန်းကလေးတွေတိုင်းကို အထင်မသေးမိပါစေနဲ့


——- 😔🙇
အထင်မသေးပါနဲ့——- မျက်နှာများတယ် ရည်းစား ရှုပ်တယ် အပြောခံနေရတဲ့ မိန်းမ တစ်ယောက်ရဲ့ နောက်ကြောင်းမှာ အချစ် ကို အရူးအမူး ကိုးကွယ်တဲ့ တစ်ချိန်က နောက်ကျောကို ဓါးနဲ့ ထိုးဖူးတဲ့ ယောင်္ကျား တစ်ယောက် ရှိနေနိုင်တာပဲလေ——-!

အထင်မသေးပါနဲ့——- အိမ်ထောင်ရေး ပျက်ပြားဖူးတဲ့ မိန်းမ တစ်ယောက်ရဲ့ နောက်ကြောင်းမှာ သည်းခံနိုင်စွမ်း ကုန်သွားတဲ့အချိန် ဖောက်ပြန်တတ်တဲ့ ယောင်္ကျား တစ်ယောက် ကြောင့် လမ်းခွဲခြင်းမျိုး ဖြစ်နိုင်တာပဲလေ——-!

အထင်မသေးပါနဲ့——- လမ်းဘေးက ညငှက်မ ခေါ် မိန်းမ တစ်ယောက်ရဲ့ နောက် ကြောင်းမှာ ထွက်ပေါက်မရှိ ရွေးချယ် ခွင့်မဲ့ လုပ်လိုက်ရတဲ့ ဝမ်းစာရေး ခက်တဲ့ ခိုကိုးရာမဲ့ မိသားတစ်စု ရှိနေ နိုင်တာပဲလေ ——-!

အထင်မသေးပါနဲ့——- လူတကာ မေးငေါ့ လူပုံအလည် မျက်နှာငယ်နဲ့ အရှက်ကွဲခံ လွယ်ထားတဲ့ လင်ကောင်မပေါ် ကိုယ်ဝန်သည်မိန်းမ တစ် ယောက်ရဲ့ နောက်ကြောင်းမှာ တာဝန်မယူရဲ တဲ့အောက်တန်းစား ယောင်္ကျားတစ်ယောက် ရှိနေနှိုင်တာ ပဲလေ——-!

အထင်မသေးပါနဲ့——- ရင်နဲ့လွယ်၍ ဘဝနဲ့ရင်း အသက်တစ်ဝက် ပေးပီး ကလေးတစ်ယောက် မွေးခဲ့ပေမယ့် စွန့်လွှတ်လိုက်ရတဲ့ အမေ တစ်ယောက်ရဲ့ နောက်ကြောင်းမှာ အဖေ အခေါ်မခံဝံတဲ့ စိတ်ဓာတ်နဲ့ ယုတ်ညံ့တဲ့ ယောင်္ကျားတစ်ယောက် ရဲ့အသိုင်းဝိုင်း တစ်ခု ရှိနေ နိုင်တာပဲလေ ——-!


အထင်မသေးပါနဲ့——- ပုဆိုးခြုံကြား က လက်ခမောင်းခတ် ပြပီး အဖေ အခေါ်မခံရဲတဲ့ ဇီဇာကြောင်တဲ့ ယောင်္ကျားတစ်ယောက် ထက်စာရင် လူ့ဘဝ ထဲကို ဆွဲခေါ်ပေးတဲ့ သတ္တိ သွေးနဲ့ ရဲရဲဝံ့ ရင်ဆိုင်ပေးတဲ့ မိန်းမတစ်ယောက် ကို တော့ အထင်မသေး ပါနဲ့——-!

ဓါတ်ကင်ဥတဲ့ ကြက်ဥမှာ မေတ္တာရနံ့ သင်းနေသေးရင် အသက်တစ်ဝက်နှင်းပြီး မွေးတဲ့မိခင် အဖို့ (အသို့) ဘယ်မှာ အပြစ်နည်း——-!


တစ်ချို့ နလပိန်းတုံး ယောင်္ကျားတွေ သိစေဖို့—– စွန့်ပယ်ခံ ကလေးတစ်ယောက်ကို မြင်တိုင်း——- မိခင်စိတ် မရှိလိုက်ကြတာလို့ အပြောခံနေရတဲ့ မိန်းမတစ်ယောက်ရဲ့ နောက်ကြောင်းမှာ ဖခင်စိတ်မရှိ တဲ့ ယောင်္ကျား တစ်ယောက်လည်း ရှိနေသေးတယ် ဆိုတာ မြဲမြဲ မှတ်ထားပေးပါ——-!

credit #မင်းရွေးခြယ်✍

No comments

Powered by Blogger.